ဓာတ်ပုံ – မိုးဗြဲ လူမှုကယ်ဆယ်ရေးအဖွဲ့

ယာရူစိင်၊ မတ်လ ၃ ရက်၊ မိုးဗြဲ

ရှမ်းတောင်နဲ့ ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးငယ် ၁ ဦးသေဆုံးပြီးကလေးငယ်အပါအဝင် ၄ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ ရက် ညနေပိုင်းအချိန်မှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် မိုးဗြဲမြို့အထွက် တောင်ယာတဲထဲမှာ အသက် ၁၆ နှစ်အရွယ် အမျိုးသမီး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“စစ်တပ်က ပစ်တဲ့ လက်နက်ကြောင့် မသေသင့်တဲ့ ကလေးမ အသက်ဆုံးရှုံးရတာ။ ဒဏ်ရာရတဲ့သူ‌တွေ ပြင်းထန်တဲ့ သူတွေလဲ ပါတယ်။ ဒီဘက်မှာ တိုက်ပွဲတွေလည်း အခုချိန်ထိ ဆက်တိုက်ဖြစ်နေပါတယ်”

ဒဏ်ရာရရှိထားတဲ့ ၄ ဦးကိုတော့ မိုးဗြဲကယ်ဆယ်ရေးအဖွဲ့နဲ့ ကျန်းမာရေးဌာနက သွားရောက်ကုသပေးတာဖြစ်ပြီး ဒဏ်ရာပြင်းထန်သူတွေတော့ ဆေးရုံကို လွှဲပြောင်းပေးထားတယ်လို့ အထက်ပါ သတင်းအရင်းအမြစ်က ပြောပါတယ်။

နောက်ထပ် မြေပြင်အခြေအနေ သိရှိသူ တစ်ဦးကတော့” စစ်တပ်က လေကြောင်းတွေအပါ တိုက်ခိုက်မှုတွေ လုပ်နေပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေသလို နှစ်ဖွဲ့စလုံးလည်း ထိခိုက်မှု သေဆုံးမှုများနိုင်တယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီကစပြီး ကရင်နီတော်လှန်ရေးအင်အားစုက ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို စစ်တပ်က အင်အားအလုံးအရင်း အသုံးပြုပြီး ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။