ဓာတ်ပုံ – Local

မြတ်နိုး၊ စက်တင်ဘာ ၁၉

ကချင်ပြည်နယ်၊ မိုးညင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့အနီးရှိ ကဆုန်ရွာထဲကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ မနက် ၁၀ နာရီခွဲ ဝန်းကျင်ခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်လို့ အမျိုးသမီးငယ် ၁ ဦး‌ ဖြစ်တဲ့ မရွယ်ဂျာဆိုသူကို ထိမှန်သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ကဆုန်ရွာမှာ လေယာဉ် ဗုံးလာကြဲလို့ ကျမ သူငယ်ချင်း အသက် ၂၀ ပဲ ရှိသေးတယ်။ သေဆုံးသွားတယ်။ တခြားသူတွေတော့ မထိဘူး။ အဲတစ်ယောက်ပဲ ထိသွားတာ။ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်း ၁၀ နာရီကျော်ဝန်းကျင်က ကြဲသွားတာ”လို့ ဒေသခံ အမျိုးသမီး ၁ ဦးက ပြောပါတယ်။

‌အဲဒီ မိန်းကလေးက ပထမအကြိမ် လေယာဉ် ရောက်လာတော့ ကတုပ်ကျင်းထဲ ပုန်းနေရာကနေ လေယာဉ် ပြန်သွားလို့ ကတုပ်ကျင်းထဲက နေထွက်လာပြီး စာရွက်စာတမ်းတွေ ပြန်သွားသိမ်းယူနေချိန် လေယာဉ် ပြန်လှည့်လာပြီး ဒုတိယ တစ်ခေါက် ဗုံး လာကြဲရာမှာ ထိသွားတာလို့ သူက ပြောပါတယ်။

လေယာဉ်ဗုံးကြောင့် သူနဲ့ အတူ ရပ်နေတဲ့ ယောက်ျားလေး တစ်ဦးက ဝပ်လိုက်လို့ အနည်းအကျဉ်းသာ ထိသွားပေမယ့် အဲဒီ မိန်းကလေးရဲ့ ကျောကုန်း နောက်ခြမ်း တခုလုံးက ပေါက်ပြဲ စုတ်ပြတ် သွားခဲ့တယ်လို့ သူက ပြောပါတယ်။

“ကဆုန်ရွာက နမ္မတီးနဲ့ သိပ်မဝေးဘူး။ တိုက်ပွဲတွေ ဖြစ်တော့ အဲဒီ ရွာက ဒေသခံတွေက နမ္မတီးမှာ စစ်ရှောင်နေကြတာ။” လို့ နောက်ထပ် ဒေသခံ အမျိုးသမီး တ‌စ်ဦးက ပြောပါတယ်။

စစ်ရေးအခြေအနေကြောင့် ‌ဒေသခံတွေက ခဏတဖြုတ် အိမ်ပြန်ကြည့်၊ ခြံသွားလောက်ပဲ လုပ်ကြပြီး ကြာကြာ သွားရောက်နေထိုင်သူတွေ မရှိကြဘူးလို့ ဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။