ယာရူစိင်၊ မတ်လ ၂၄ ရက်၊ ‌နမ့်ခမ်း

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မိုင်းဝီးအုပ်စု ပန်ကနိုင်းရွာမှာ နေထိုင်တဲ့ အမျိုးသမီးငယ်တစ်ဦးဟာ မူဆယ်မြို့မှာ အလုပ်သွားလုပ်ရာကနေ ၂ လ ကြာတဲ့အထိ အဆက်အသွယ် ပြတ်တောက်သွားတယ်လို့ မိသားစုဝင်က ရွှေဖီမြေကို ပြောပါတယ်။

အသက် ၁၈ နှစ်အရွယ် လွေးအိုပေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်က မူဆယ်မြို့မှာ အလုပ်သွားလုပ်မယ်ဆိုပြီး နေအိမ်ကနေ ထွက်သွားရာကနေ ဇန်နဝါရီ ၂၅ ရက်အထိသာ အဆက်အသွယ် ရခဲ့ပြီးနောက် ဒီနေ့အထိ အဆက်အသွယ် ပြတ်တောက်ခဲ့တာပဲ ဖြစ်ပါတယ်။

“ရွာကနေ သူတစ်ယောက်တည်းဘဲ ထွက်လာတာ။ ရွှေလီမြို့ကို သူအရင်သွားတယ်။ အလုပ်တောင် သူလုပ်နေပြီ အဆင်မပြေလို့ဆိုပြီး အလုပ်ထွက်လိုက်တာ။ ထွက်တဲ့အကြောင်းကိုလည်း အကြောင်းမကြားဘူး။ မူဆယ်ဘက် လာလိုက်တယ်။ ဒါကြောင့် တရုတ်ရဲတွေ သူ့ကို ရှာသေးတယ်။ သူနဲ့ ဖုန်းပြောလို့ရတဲ့နေ့က သူနန်းတော်ပေါက်နားမှာ ရောက်နေပြီတဲ့” ဆိုပြီး မိသားစုဝင်တစ်ဦးက ပြောပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ နိုင်ငံရေး အရှုပ်အထွေးကြောင့် လွေးအိုပေအတွက် စိတ်ပူနေရပြီး ၎င်းကို တွေ့ရှိသူတွေအနေနဲ့ မိသားစုဝင်ထံ ဆက်သွယ်အကြောင်းကြားပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

နမ့်ခမ်းအပြင် ရှမ်းမြောက်နဲ့ တခြားဒေသက လူထုတွေဟာ မူဆယ်နဲ့တရုတ်နိုင်ငံဘက် အလုပ် လုပ်ဖို့ သွားရာကနေ ပွဲစားတချို့ရဲ့ လိမ်လည်မှုကို ခံရပြီး လူကုန်ကူးခံရတာ၊ အတင်းအဓမ္မ အလုပ် လုပ်ခိုင်းတာနဲ့ မကြာခဏ ကြုံတွေ့နေရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။