ဓာတ်ပုံ – ဧရာဝတီ ဂရုဏာ

ရဲမာန်၊ စက်တင်ဘာ ၂၉ ရက်၊ မြစ်ကြီးနား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သီတာရပ်ကွက် ဆုတောင်းပြည့်ဘုရားအနီးမှာ ဓားထိုးခံထားရတဲ့ အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့တယ်လို့ ဧရာဝတီဂရုဏာ လူမှုကူညီရေးအသင်းရဲ့ အဖွဲ့ထံက သိရပါတယ်။

အဲဖြစ်စဉ်ဟာ မနေ့ စက်တင်ဘာ ၂၈ ရက် ညနေ ၄ နာရီခွဲမှာ ဖြစ်ပွါးခဲ့တာဖြစ်ပြီး ၎င်းအမျိုးသမီးဟာ ညာဘက်နားအောက်တည့်တည့်မှာ ဓားထိုးစိုက်ထားခံထားရရင်းနဲ့ သေဆုံးနေတာဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။

“ဖြစ်ရိုးဖြစ်စဉ်တော့ မသိလိုက်ရဘူး။ ကျနော်တို့ကို ဖုန်းဆက်ပြီး ကျနော်တို့ရောက်သွားတဲ့အချိန်မှာတော့ ဓားတန်းလန်းနဲ့ လဲနေတာ။ ကျနော်တို့လည်း အမျိုးမျိုးကြားနေရတာ။ အဲပတ်ဝန်းကျင်ရောက်သွားတဲ့အချိန်မှာ ဘေးနားကလူတွေပြောတာတော့ သမီးရည်းစားချင်း ရန်ဖြစ်တာကနေစတာ။ ပစ္စည်းလုတာတို့လည်းပြောကြတယ်။ မျိုးစုံတော့ ကြားနေရတယ်”

သေဆုံးသွားတဲ့ အမျိုးသမီးဟာ အသက် ၂၀ ဝန်းကျင်ရှိပြီး ၎င်းမိသားစုဝင် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မသိရသေးဘူးလို့ ၎င်းက ဆက်ပြောပါတယ်။

“အလောင်းပိုင်ရှင် ဘာညာတော့မတွေ့ရသေးဘူး။ ဘာလို့ဆို ကျနော်တို့ ရုပ်လောင်းကိုတွေ့ရှိတဲ့အချိန်ကြတော့ ရုပ်အလောင်းခန္ဒာကိုယ်မှာ သူရဲ့ကိုယ်ပိုင်ပစ္စည်းဆိုလို့ ဖုန်းတွေ မှတ်ပုံတင် ဘာမှပါမလာဘူး။ သူဆီမှ ကျန်ခဲ့တာဆိုလို့ ဆွဲကြိုး၊ လက်စွပ်၊ ဦးထုပ်နဲ့ အဝတ်စားတွေဘဲ ကျန်ခဲ့တာ”လို့ ၎င်းက ဆက်ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့လအတွင်း လူ ၇ဦးထက်မနည်း လုယက်သတ်ဖြတ်ခံခဲ့ရပြီး ဖုန်း၊ ဆိုင်ကယ်နဲ့ ဆွဲကြိုး လုယက်မှုကလည်း နေ့စဉ်လိုလို ဖြစ်ပွားနေတယ်လို့ နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။