လွေးထွေး၊ ဇန်နဝါရီ ၁၅ ရက်၊ သိန္နီ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးနဲ့ သိန္နီမြို့နယ်ကြားက နားဆော့ရွာအနီးမှာ အသက် ၄ဝ အရွယ် အမျိုးသမီးတစ်ဦး ဓားပြ တိုက်ခံရပြီး တရုတ်ငွေ ယွမ် ၇ ထောင် (ကျပ်သိန်း ၄ဝ ကျော်) ပါသွားပါတယ်။

အမည်မသိ လက်နက်ကိုင်တစ်စုက လားရှိုးကနေ ပြန်လာတဲ့ အမျိုးသမီးတစ်ဦးကို သေနတ်ထောက် ခြိမ်းခြောက်ပြီး ယွမ် ၇ ထောင် ယူဆောင်သွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဖြစ်စဉ်ဟာ မနေ့ ဇန်နဝါရီ ၁၄ ရက် ညနေ ၆ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ဓားပြတိုက်သူဟာ ဆိုင်ကယ် ၃ စီးနဲ့ အရပ်သားဝတ်စုံ ဝတ်ထားတဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသား ၅ ဦး ဖြစ်ပြီးတော့ ခေါင်းကို သေနတ်နဲ့ထောက်ကာ လွယ်အိတ်ထဲက ငွေကို ယူဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ဖြစ်စဉ်သိရှိသူ နားဆော့ရွာခံ အမျိုးသားက “လူကို ဘာမှ မလုပ်သွားတာ ကံကောင်းတယ်။ အဲအမျိုးသမီးက ကြောက်ပြီး တုန်နေတာ။ သူက ဘယ်ရွာကလဲ မမေးမိဘူး။ သူလားရှိုးက ပြန်လာတာတော့ သူပြောပြတယ်။ ရွာနားလေးဘဲ ဖြစ်သွားတာ” လို့ ပြောပါတယ်။

အလားတူ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်မှာ ရပ်ကွက် ၁ နယ်မြေ ၉ က အမျိုးသားတစ်ဦး ပြန်ပေးဆွဲခံခဲ့ရပြီး မနေ့ ဇန်နဝါရီ ၁၄ ရက် ည ၇ နာရီခန့်မှာတော့ ပြန်ပေးဆွဲသူ ၃ ဦးကို ကိုးကန့်တပ်က လားရှိုးမြို့ပြင်မှာ ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။