ဓာတ်ပုံ – CJ

မိုင်းပန်ပျော်၊ ‌မတ်လ ၃ ရက်၊ ကွတ်ခိုင်

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ကောင်းနိမ်ကျေးရွာမှာ ဟင်းခူးနေတဲ့ အမျိုးသမီးတစ်ဦးအပေါ်ကို သစ်ကိုင်းကျိုးကျလို့ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဖြစ်စဉ်ဟာ မနေ့ မတ်လ ၂ ရက်‌ နေ့လည်ပိုင်း ၁ နာရီဝန်းကျင်မှာ ဟင်းခူးနေတဲ့အမျိုးသမီးတစ်ဦးအပေါ်ကို သစ်ကိုင်းကျိုးကျလို့ ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ ကောင်းနိမ်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သူကဟင်းချက်ဖို့ ပဲသီးခူးတာ အဲ့ချိန်ကလေတိုက်တော့ သစ်ကိုင်းက သူအပေါ်ကြိုးကျတာ အဲ့ဒီသစ်ပင်မှာတစ်ခါတည်းသေသွားတာ”

သေဆုံးသွားခဲ့တဲ့ အမျိုးသမီးဟာ အသက် ၃၀ အရွယ်ရှိတဲ့ ဒေါ်အီနောင် ဆိုတဲ့သူဖြစ်ပြီး ကောင်းနိမ်ကျေးရွာမှာ နေထိုင်တဲ့သူဖြစ်တယ်လို့ ၎င်းကဆက်ပြောပါတယ်။

ဒေါ်အီနောင်ရဲ့ ရုပ်အလောင်းကို ကောင်းနိမ်ရွာသားတွေ မီးရှိုးသဂြိုလ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်မှာလည်း နမ့်ဆန်မြို့နယ် အထက်မန်လွယ်‌ကျေးရွာမှာ မြေတူးကားတစ်စီးက တိမ်းမှောက်ပြီး ကားမောင်းတဲ့အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။