ဓာတ်ပုံ- CJ (သေဆုံးသွားသူ အမျိုးသမီး)

အိုက်ပွီး၊ ဇန်နဝါရီ ၅ ရက်၊ ကလေး

စစ်ကိုင်းတိုင်း ကလေးမြို့နယ် လက်ပံချောင်းရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ပံချောင်းရွာမှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဒီနေ့ ဇန်နဝါရီ ၅ ရက် မနက် ၈ နာရီမှာ ကလေးမြို့ အမြှောက်တပ်ရင်းကနေ လက်နက်ကြီးကျည် ရမ်းသမ်းပစ်ခတ်တာကြောင့် အရပ်သား​တွေ ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

“လက်နက်ကြီးကျည် ထိမှန်တာက သုံးယောက်ပါ။ တစ်ယောက်က မနက် ၁၀ နာရီလောက်မှာ ဒဏ်ရာ ပြင်းထန်တာကြောင့် ဆုံးသွားတယ်။ နောက်ထပ် နှစ်ယောက်လည်း ဒဏ်ရာ ပြင်းထန်တယ်။ ဆေးကုသမှုခံယူနေရတယ်” လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

သေဆုံးသူဟာ အသက် ၄၇ နှစ်အရွယ် ဒေါ် ဇန်ဘွဲ့စုံလို့ သိရပြီး သူ့မှာ အမျိုးသားနဲ့ သားသမီး ၄ ဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

မနေ့ ဇန်နဝါရီ ၄ ရက် ညနေ ၄ နာရီဝန်းကျင်ကလည်း လက်ပံချောင်းရွာကို စစ်တပ်က လက်နက်ကြီး ၃ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး အရပ်သားနေအိမ် ထိခိုက်ပျက်စီးသွားပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်း စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား ၆,၁၀၆ ဦး သေဆုံးခဲ့တယ်လို့ AAPP က ဇန်နဝါရီ ၃ ရက်က ထုတ်ပြန်လာပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။