ဓာတ်ပုံ – KNU

ရွှေဖီမြေ၊ ဇန်နဝါရီ ၂၃ ရက်၊ ကျိုက်ဒုံ

ကရင်ပြည်နယ် ကျိုက်ဒုံမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးပြီး နေအိမ်တချို့လည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး- KNU က ဒီနေ့ ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်လာပါတယ်။

မနေ့ ဇန်နဝါရီ ၂၂ ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ Yak-130 Jet Fighter နဲ့ ကျိုက်ဒုံမြို့ မီးသတ်ရုံးအနီးက ရော်ဘာခြံမှာ ဗုံးလာကြဲတာကြောင့် ရော်ဘာခြစ်ပြီး ပြန်လာတဲ့ ကျိုက်ဒုံမြို့ အမှတ်(၃) ရပ်ကွက် ချောင်းဝပိုင်းမှာ နေထိုင်တဲ့ ဒေါ်ဒဝယ်မခေါ် ဒေါ်ညိုညိုဝင်းကို ထိမှန်သေဆုံးခဲ့ပြီး မီးသတ်ရုံးအနီးပတ်ဝန်းက နေအိမ်တချို့လည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက် မနက် ၂ နာရီခန့်မှာလည်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ KNU ထိန်းချုပ်နယ်မြေ နို့တကောမြို့နယ် ယော့ကဒေါရွာကို ဗုံးကြဲခဲ့တာကြောင့် ယော့ကဒေါရွာက စာသင်ကျောင်း ၁ ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက် နေ့လယ် ၃ နာရီမှာလည်း KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ညောင်လေးပင်မြို့နယ်ကို စစ်တပ်က ဒရုန်းဗုံးကြဲလို့ ဦးဇင်းတစ်ပါး ပျံလွန်တော်မူပြီး ဦးဇင်းတစ်ပါးနဲ့ ဒေသခံ ၁ ဦး ဒဏ်ရာ ရခဲ့တယ်လို့ KNU ရဲ့ မနေ့ ဇန်နဝါရီ ၂၂ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

လူထုတွေ နေထိုင်တဲ့ ကျေးရွာတွေကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းနဲ့ ဗုံးကြဲတာ၊ မြေပြင်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ပြီး လူ့အခွင့်အရေးနဲ့ စစ်ရာဇဝတ်မှုကို နေ့စဥ် ကျူးလွန်နေတယ်လို့လည်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။