ဓာတ်ပုံ – KNU

လွေးထွေး၊ ဇန်နဝါရီ ၂၅ ရက်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ‌ငှက်ပျောတောကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ‌ပွဲချင်းပြီး သေဆုံးခဲ့ပြီးတော့ ၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ KNU က မနေ့ ဇန်နဝါရီ ၂၅ ရက်မှာ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီရဲ့ အမှတ် ၆၀၂ အမြှောက်တပ်ရင်းစခန်းကနေ ဇန်နဝါရီ ၂၁ ရက် ည ၇ နာရီခန့်မှာ ငှက်ပျောတောရွာထဲ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့လို့ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို အမျိုးသမီး ၃ ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “စစ်တပ်က စစ်ရေးဘက်ဆို ဘယ်လိုမှ သူတို့မယှဉ်နိုင်တော့ဘူး။ နယ်မြေထဲဆို စစ်ကြောင်း မလှည့်နိုင်တော့ဘူး။ သူ့နေရာလေးဘဲ ကုတ်ပြီး နေ နေရတာ။ အဲနေရာကနေဘဲ လူထု ရှိရာဘက်ကို လက်နက်ကြီးတွေ ပစ်တာတွေဘဲ လုပ်နိုင်တော့တယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။

လူထိခိုက်သေဆုံးတာအပြင် နေအိမ် ၃ လုံးလည်း ထိမှန်ပျက်စီးခဲ့ပြီး ကားတစ်စီး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်ကလည်း ကရင်ပြည်နယ် ကျိုက်ဒုံမြို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး နေအိမ်တချို့လည်း ထိမှန်ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက် နေ့လယ် ၃ နာရီကလည်း KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ညောင်လေးပင်မြို့နယ်ကို စစ်တပ်က ဒရုန်းဗုံးကြဲလို့ ဦးဇင်းတစ်ပါး ပျံလွန်တော်မူပြီး ဦးဇင်းတစ်ပါးနဲ့ ဒေသခံ ၁ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။