ဓာတ်ပုံ – CJ

မိုင်းရူပ၊ သြဂုတ် ၅ ရက်၊ စဥ့်ကူး

တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် တရော်ပင်ရွာ စာသင်ကျောင်း လေကြောင်းနဲ့ တိုက်ခိုက်ခံရပြီး အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မနေ့ သြဂုတ် ၄ ရက် ညသန်းခေါင်ယံ ၁၂ နာရီဝန်းကျင်မှာ စစ်တပ်ဘက်က တရော်ပင်ကျေးရွာကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ပြီး အမျိုးသမီးတစ်ဦး ခြေထောက်မှာ ဗုံးဆထိမှန်ပြီး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

“အဲစာသင်ကျောင်းက ပိတ်ထားတာ။ ဘာတိုက်ပွဲမှ မရှိဘဲ လာကြဲတာ။ အမျိုးသမီးယောက် ခြေထောက်မှာ ဒဏ်ရာရတယ်။ ဒဏ်ရာတော့ မပြင်းထန်ဘူး” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တရော်ပင်ကျေးရွာရဲ့ စာသင်ကျောင်းလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့နယ်အပါအဝင် မန္တလေးတိုင်းထဲက ၎င်းတို့လက်လွှတ်ထားရတဲ့ မိုးကုတ်၊ မတ္တရာ၊ စဥ့်ကူးမြို့နယ်တွေထဲကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်ကနေ ၃ ရက်နေ့အထိ သပိတ်ကျင်းမြို့နယ်ထဲက ကျေးရွာ ၄ ရွာထပ်မနည်းကို စစ်တပ်က တိုက်လေယာဥ်နဲ့ ဗုံး ၃ ရက်ဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့ပြီး အရပ်သား ၈ ဦးသေဆုံးပြီး ၅ ဦး ထက်မနည်းဒဏ်ရာရခဲ့ပါတယ်။

သြဂုတ် ၂ ရက်မှာလည်း တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို လေကြောင်းနဲ့ တိုက်ခိုက်ခံရာ အရပ်သား ၁၃ ဦးသေဆုံးပြီး ၁၀ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။