လွေးလာဝ်ဇာရ်၊ မေလ ၂၈ ရက်၊ နမ့်ခမ်း

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့အနီးရှိ ဟိုနား (ကောင်းတပ်)ကျေးရွာက အမျိုးသမီးတစ်ဦး ရိုက်သတ်ခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖြစ်စဉ်ဟာ မေလ ၂၆ ရက် မနက် ၆ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ပြီးတော့ အဲဒီအမျိုးသမီးကို လာရောက် ရိုက်သတ်သွားတဲ့ တရားခံကတော့ လွှတ်မြောက်နေပါတယ်။

ဟိုနားဒေသခံတစ်ဦးက “အဲနေ့က မိုးလည်း ရွာတယ်။ မနက်ပိုင်းလည်း ဖြစ်တယ်ဆိုတော့ တခြားအိမ်မပြောနဲ့ သူတို့အိမ်က လူတွေတောင် မသိဘူး။ သူတို့ပြောတာက သူ့ယောက်ျား အရင်ထပြီး ထမင်း ချက်တာတဲ့။ ချက်ပြီးမှ ပြန်အိပ်တာ။ သူဟင်းထချက်တဲ့အချိန် ဖြစ်တာ။ ဓားပြ လာတိုက်တာလား ဘာလားတော့ သေချာမသိဘူး။ ‌သူတို့ထတွေ့တဲ့အချိန် သူတောင် သေပြီ။ ဘာနဲ့ရိုက်လဲတော့ မသိဘူး။ သူ့ခေါင်းက ကွဲနေတာ” လို့ ပြောပါတယ်။

သတ်ခံရသူဟာ အသက် ၆၇ နှစ်အရွယ် သက်ကြီးပိုင်း အမျိုးသမီးဖြစ်ပြီး အလောင်းကိုတော့ တအာင်းတပ်က စစ်ဆေးဖို့ နမ့်ခမ်းဆေးရုံဘက် သယ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

နမ့်ခမ်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနစ် ဒီဇင်ဘာ ၁၉ ရက်မှာ တအာင်းတပ်မတော်က တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ၁ နှစ်ခွဲနီးပါးအတွင်း အခုလို လူသတ်မှုဖြစ်စဉ် ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တာပါ။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။