ဓာတ်ပုံ – Local

အိုက်ပွီး၊ စက်တင်ဘာ ၄ ရက်၊ မင်းတပ်

ချင်းပြည်နယ် မင်းတပ်မြို့နယ် လေရှိကျေးရွာမှာ ဒီနေ့ စက်တင်ဘာလ ၄ ရက် နေ့လယ်အချိန်မှာ အိမ်စျေးဆိုင် ရောင်းနေတဲ့ အမျိုးသမီးတစ်ဦး လုယက်ခံရပြီး အသတ်ခံလိုက်ရတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

“စျေးဆိုင်က ရွာရဲ့ အစွန်ဆုံးမှာ ရှိတာပါ။ အမျိုးသားက ဆိုင်ထဲလာပြီး အမျိုးသမီးဆီက ပိုက်ဆုံလုပြီး ရွှေတွေပါ လုတာပါ။ အဲမှာအမျိုးသမီးက မပေးလို့ အမျိုးသားက ပါလာတဲ့ ဓားနဲ့ ၁၃ ချက် ထိုးပြီး အူတွေပါပွင့်ပြီး အမျိုးသမီးက သေဆုံးသွားတယ်” လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

သေဆုံးသူအမျိုးသမီးဟာ အသက် ၃၀ ဝန်းကျင်ရှိတဲ့ ဒေါ်ပါရ်အီးဆိုသူဖြစ်ပြီး သူ့မှာ သားတစ်ယောက်နဲ့ အမျိုးသားတို့ ကျန်ရစ်ပြီး အမျိုးသားဖြစ်သူမှာ ခရီးလွန်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ပြစ်မှုကျူးလွန်သူ လူသတ်တရားခံကိုလည်း CDF-Mindat က ဖမ်းဆီးထားပြီး ဘယ်လိုအရေးယူ ဆောင်ရွက်သွားမယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

“တရားခံကိုတော့ ချက်ချင်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။ မင်းတပ်ဒေသခံတော့ မဟုတ်ဘူး။ ယောဘက်ကပါ။ စစ်ဘေးရှောင်လား။ ကယ်ရီသမားလား မသိဘူး။ စစ်ဆေးနေတုန်းပါ။ အမျိုးသားက အမျိုးမျိုး ထွက်ဆိုနေတယ်” လို့ မင်းတပ်မြို့နယ် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လက်ရှိ အခင်းဖြစ်ပွားခဲ့တဲ့ ဒီလေရှိကျေးရွာဟာ မင်းတပ်-မတူပီ ကားလမ်းမပေါ်မှာ တည်ရှိနေတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။