ရူပ်ရာင် – Local

မိုင်းအရှိုင်း၊ စက်တင်ဘာ ၂၆ ရက်၊ ကွတ်ခိုင်

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် မန်ပိန်းကျေးရွာနေ အမျိုးသမီးတစ်ဦးက နမ့်ခိုင်ရေချောင်းကိုဖြတ်ဖို့ လုပ်နေစဉ် တံတားပေါ်မှာ ခြေချော်ပြီး ရေထဲ မျှောပါပျောက်ဆုံးသွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

အဲဒီအမျိုးသမီးဟာ အသက် ၂၈ နှစ်အရွယ် မအမ်ကာဖြစ်ပြီး သူ့ရဲ့ သူငယ်ချင်းတွေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက် တောထဲ ပုစဉ်းရင်ကွဲ သွားရှာတဲ့အချိန်မှာ တံတားပေါ်ကနေ ရေထဲ ပြုတ်ကျခဲ့တာပဲ ဖြစ်ပါတယ်။

ဖြစ်စဉ်သိရှိသူတစ်ဦးက “တောထဲ အကောင်သွားရှာဖို့ သစ်တံတားကို ဖြတ်ဖို့လုပ်တာ။ သူ့သူငယ်ချင်းတွေတော့ ဖြတ်ပြီးသွားပြီ။ သူက ခြေချော်ကျပြီးတော့မှ ရေထဲ ပါသွားတာ။ ချောင်းရေတွေလည်း တော်တော်ကြီးနေတာ။ ရေတောင်မှ နောက်နေတာဆိုတော့” ဆိုပြီး ပြောပါတယ်။

ဒီနေ့ ၄ ရက်မြောက်နေ့အထိ အဲဒီအမျိုးသမီးကို PSLF/TNLA ရဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ မိသားစုဝင်၊ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေ စုပေါင်းပြီး ရှာဖွေနေဆဲ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။