လွေးဇွန်မိုး၊ မေလ ၃၀ ရက်၊ နမ့်ခမ်း

ကိုးကန့်ဒေသ ရှမ်းမြောက် လောက်ကိုင်ကို အလုပ်သွားလုပ်တဲ့ နမ့်ခမ်းမြို့နယ်၊ လွယ်ဟွမ်ကျေးရွာအုပ်စု၊ တွန်ကော်ရွာက အမျိုးသမီးတစ်ဦး တစ်နှစ်ကျော်ကြာတဲ့အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်ဝန်းကျင်အရွယ် လွေးအေအောင်အေးဟာ လောက်ကိုင်မြို့မှာ အလုပ်သွားလုပ်ရင်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ လောက်ကိုင်မှာ တိုက်ပွဲဖြစ်ပွားချိန်ကစပြီး လက်ရှိ ၂၀၂၅ ခုနှစ် မေလ ၃၀ ရက်အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရတော့ပဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“သူက လောက်ကိုင်မှာ အလုပ်လုပ်တာ။ အရင်တုန်းက သူ့အဖေနဲ့ အဆက်အသွယ်ရတယ်လေ။ အဲဒီ လောက်ကိုင်မှာ တိုက်ပွဲဖြစ်တဲ့အချိန်ကစပြီး သူ့အဖေက သူနဲ့ အဆက်အသွယ် ပြတ်သွားတော့တာပဲ။ သူဖုန်းဆက်လည်း ဧရိယာပြင်ပပဲပြောနေတာ။ သူဘက်ကလည်း ဒီနေ့အထိပြန်မဆက်လာတော့ဘူး။ သေလား။ ရှင်လားလဲ မသိရဘူး”

မိသားစုဝင်တွေက စိတ်ပူနေတာကြောင့် လွေးအေအောင်အေးကို တွေ့ရှိခဲ့ရင် ၀၉ – ၆၇၃၀၃၆၉၅၄ ကို ဆက်သွယ်အကြောင်းကြားပေးဖို့ အထက်ပါအမျိုးသားက တောင်းဆိုထားပါတယ်။

လောက်ကိုင်မြို့ကို ကိုးကန့်တပ် (MNDAA)က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ လောက်ကိုင်ကို MNDAA တပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

လောက်ကိုင်တိုက်ပွဲအတွင်း အရပ်သားအများအပြား သေဆုံးခဲ့သလို အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ လူငယ်အများအပြားလည်း ပျောက်ဆုံးတာတွေ ရှိခဲ့ပြီး စာရင်းအတိအကျတော့ မသိရပါဘူး။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။