ပုံစာ- ပျောက်ဆုံးနေသူ နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းရွာခံ မဝင်းကြည်

ရွှေဖီမြေ၊ မတ်လ ၂၁ ရက်၊ နမ့်ဆန်

ကိုးကန့်ဒေသ လောက်ကိုင်ဘက် အလုပ် သွားလုပ်တဲ့ တအာင်းဒေသ နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းရွာက အသက် ၃၀ ကျော်အရွယ် မဝင်းကြည်ဆိုသူ အမျိုးသမီးဟာ ၁ နှစ်ကျော် ကြာတဲ့အထိ အဆက်အသွယ် ပြတ်တောက်နေပါတယ်။

ကိုးကန့်တပ်မတော်က လောက်ကိုင် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတုန်းက လောက်ကိုင်ကနေ ဝဒေသဘက် တိမ်းရှောင်သွားခဲ့ပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားတာလို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

“ဝဘက် ရောက်သွားတော့ သူ့အမေဆီ သူအသံဖိုင်တစ်ခု ပို့လာတယ်။ သူဝပြည်ဘက် ရောက်သွားတယ်ပေါ့။ အဲနောက်ပိုင်း မဆက်သွယ်လာဘူး။ သူ့မိဘက ပြန်ဆက်သွယ်တော့လည်း မရဘူး”

ဝပြည်ဘက် ရောက်ရှိသွားတယ်လို့သာ ပြောဆိုခဲ့ပြီး ဘယ်မြို့ကို ရောက်နေလဲဆိုတာတော့ မပြောဆိုခဲ့ဘူးလို့ ဆိုပါတယ်။

ပျောက်ဆုံးနေသူ မဝင်းကြည်ဟာ ကလေး ၂ ဦး မိခင်ဖြစ်ပြီး ယောကျာ်းဖြစ်သူကလည်း ၂၀၂၄ ခုနှစ်မှာ ကွယ်လွန်သွားတာကြောင့် ကလေးနှစ်ဦးကတော့ ဇယ်တုန်ဟုန်းရွာက သူမရဲ့ မိခင်ဖြစ်သူနဲ့ ကျန်ရစ်ခဲ့တယ်လို့ ၎င်းအမျိုးသမီးက ဆက်ပြောပါတယ်။

သူမရဲ့ မိခင်ကလည်း နှလုံးရောဂါ ရှိနေသူဖြစ်ပြီး လက်ရှိမှာ ကလေး ၂ ယောက်ကို တာဝန်ယူ စောင့်ရှောက်နေရတာကြောင့် မဝင်းကြည်ကို တွေ့ရှိသူတွေအနေနဲ့ ဆက်သွယ်ပေးကြဖို့ အကူအညီ တောင်းခံထားပါတယ်။

၂ဝ၂၃ နှစ်ကုန်ပိုင်းမှာ ကိုးကန့်တပ်က လောက်ကိုင်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရာ လောက်ကိုင်ကနေ နေရပ်သို့ ပြန်လာကြတဲ့ လူငယ် ထောင်ချီကို အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခဲ့သလို ဒေသခံလူထု ရာချီကလည်း ပျောက်ဆုံးခဲ့ပြီး အဆက်အသွယ် မရကြောင်း မိသားစုဝင်တွေက ရွှေဖီမြေသို့ ပြောဆိုထားဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။