ဓာတ်ပုံ – CJ

မြတ်နိုး၊ အောက်တိုဘာ ၁၄ ရက်၊ လိုင်ဇာ

ကချင်ပြည်နယ် လိုင်ဇာအနီးက မုန်လိုင်ချောင်းမှာ မနေ့ အောက်တိုဘာလ ၁၄ ရက် ညနေပိုင်းက ကျောင်းသားတစ်ဦး ရေကူးရင်း မျောပါသေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“တဖက်ကမ်းကို ရေကူးပြီး လာနေတာ။ ရေလယ်ရောက်တော့ ရေမွန်းသွားတာ ထင်တယ်။ ကယ်ကြပါအုံးလို့ အော်ပြီး မျောပါသွားတယ်” လို့ သေဆုံးသွားသူနဲ့အတူ ရေသွားချိုးခဲ့သူက ပြောပါတယ်။

မုန်လိုင်ချောင်းတံတားအောက်မှာ ရေသွားချိုးပြီး အိမ်ပြန်ဖို့ ချောင်းတဖက်ကမ်းကို ကူးလာချိန် မနေ့ ညနေ ၄ နာရီခွဲကျော်ခန့်မှာပဲ ဖြစ်သွားတာလို့ သူက ဆိုပါတယ်။

“ရေထဲမျှောပါသွားလို့ အဲဒီချောင်းနားမှာ ရှိနေတဲ့ လူ လေး၊ ငါးယောက်ကို အကူအညီတောင်းပြီး လိုက်ရှာတယ်။ ရှာမတွေ့ဘူး။ ရှာမတွေ့လို့ အိမ်ပြန်ပြီး သူ့မိဘတွေကို သွားပြောပြတာ” လို့ သူက ရှင်းပြပါတယ်။

ရေနစ်မျှောပါသေဆုံးသွားသူဟာ လိုင်ဇာက ရပ်ကွက် ၁ မှာ နေထိုင်တဲ့ အသက် ၁၈ နှစ်အရွယ် ဇော်ဖုန်းအောင်ဆိုသူဖြစ်ပြီး ကျောင်းသားဖြစ်ကြောင်းကိုလည်း ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့ မနက်ပိုင်းကလည်း လိုင်ဇာအနီးက မုန်လိုင်ချောင်းမှာ တရုတ်ဘက်ခြမ်းက ရေကူးဖြတ်လာတယ်လို့ ယူဆရတဲ့ အမည်မသိ အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးကာ မျှောပါလာခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။