ဓာတ်ပုံ- CJ

လွေးထွေး၊ မတ်လ ၃၀ ရက်၊ မန္တလေး

အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တာကြောင့် မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် ၅၂ လမ်း‌၊ ၁၂၈ လမ်းအနီး ပြိုကျပျက်စီးခဲ့တဲ့ နေအိမ်တွေထဲက နေအိမ်တစ်ခုမှာ မိသားစု ၇ ဦး သေဆုံးခဲ့ပေမဲ့ ကယ်ဆယ်ရေး မလုပ်ပေးနိုင်သေးတာကြောင့် ဒီနေ့မနက်အထိ အပုတ်နံ့ ထွက်နေတယ်လို့ ရပ်ကွက်နေအမျိုးသမီးက ရွှေဖီမြေကို ပြောပါတယ်။

၎င်းမိသားစုရဲ့ နေအိမ်အပြင် တခြားသူတွေကိုလည်း ကယ်ဆယ်ရေးက ကူညီလုပ်ဆောင်ခဲ့ပေမဲ့ ပျက်စီးမှု များလွန်းတာကြောင့် ဒီနေ့ မတ်လ ၃၀ ရက်အထိ နေရာတချို့မှာ ကူညီကယ်ဆယ်တာတွေ မလုပ်နိုင်သေးပါဘူး။

“မဖြစ်ခင် မိနစ်ပိုင်းမှာဘဲ သူတို့အိမ်ကနေ လာတာ။ သူတို့အိမ်မှာ လသားကလေးငယ်လည်း ရှိတယ်။ ခဏတော့ သူတို့အိမ်ကြီးက ပြိုကျပါလေရော။ တစ်မိသားစုလုံး တစ်ယောက်မှ မကျန်ဘူး။ ဒီနေ့မနက်တော့ အနံ့တွေ ထွက်နေပြီ။ ဘယ်သူမှ လာမကယ်ကြဘူး”

၎င်းရပ်ကွက်က နေအိမ်တွေ ပြိုကျပျက်စီးခဲ့လို့ မိသားစု ၇ ဦး သေဆုံးတာအပြင် လူထိခိုက်ပျောက်ဆုံးတာလည်း ရှိပေမဲ့ ဒီနေ့အထိ ရှာဖွေလို့ မရသေးကြောင်း ပြောဆိုပါတယ်။

ဒါ့အပြင် ဒီနေ့ မတ်လ ၃၀ ရက် မနက်အထိ နေရာတချို့မှာလည်း စစ်တပ်က ကူညီကယ်ဆယ်ရေး မလုပ်ပေးတဲ့အပြင် ကယ်ဆယ်ရေးသမားတွေကိုလည်း ကယ်ဆယ်မှု တားဆီးပိတ်ပင်နေတာကြောင့် ကယ်ဆယ်ရေး နှောင့်နှေးနေတယ်လို့ မြေပြင်အခြေအနေ သိရှိသူ အမျိုးသားက ပြောပါတယ်။

“ဘုန်းကြီးကျောင်းတချို့နဲ့ သူတို့နဲ့ သက်ဆိုင်တဲ့ နေရာတွေဆို သတင်း ပေးမထွက်ဘူး။ ကယ်ဆယ်ရေးလည်း ပေးမလုပ်ဘူး။ ဓာတ်ပုံတောင် ရိုက်ခွင့် မပြုဘူး။ ဒီနေ့မနက်အထိ နေရာတချို့မှာ ပုတ်ဆော် နံကုန်ပြီ။ ပြင်ပ ကယ်ဆယ်သူတွေကိုလည်း မြေပြင်မှာ မတွေ့ရဘူး။ ပရဟိတအသင်းတွေလောက်ဘဲ တွေ့ရတာ”

ဒါ့အပြင် မန္တလေးမြို့မှာ ဖုန်းလိုင်း အင်တာနက်လိုင်းလည်း နေရာတချို့မှာသာ ရတော့တာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ဖို့ အခက်အခဲ ဖြစ်နေကြကြောင်း သူက ဆက်ပြောပါတယ်။

စစ်ကိုင်းကို ဗဟိုပြုပြီး မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်က ပြင်းအား ၇.၇ ရှိတဲ့ငလျင် လှုပ်ခတ်ခဲ့တာကြောင့် စစ်ကိုင်းနဲ့ မန္တလေးအပြင် တခြားမြို့နယ်မှာလည်း အဆောက်အဦးအပြင် စေတီပုထိုးလည်း ပြိုကျပျက်စီးခဲ့သလို မနေ့ မတ်လ ၂၉ ရက် ည ၈ နာရီအထိ သေဆုံးသူ ၁,၆၄၄ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူ ၃,၄၀၈ ဦးနဲ့ ပျောက်ဆုံးသူ ၁၃၉ ဦးအထိ ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ စာရင်းအရ သိရပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ဖို့ ပြည်ပနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ရုရှား၊ စင်ကာပူနဲ့ အိန္ဒိယ စတဲ့နိုင်ငံမှ ဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့က မြန်မာနိုင်ငံသို့ ရောက်ရှိနေကြတဲ့အပြင် ငလျင်ဘေးသင့် လူထုတွေအတွက်လည်း ငွေကြေး ပံ့ပိုးကူညီသွားမယ်လို့ ပြောဆိုထားကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။