ဓာတ်ပုံ – CJ

ပျားကြီး၊ ဖေဖော်ဝါရီ ၁၃ ရက်၊ မုံရွာ

စစ်ကိုင်းတိုင်း မုံရွာ၊ ချောင်းဦးနဲ့ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေတာကြောင့် ကလေးသူငယ်အပါအဝင် အရပ်သား သေဆုံးမှု ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ မနက်ပိုင်းက ကနီနဲ့ ညပိုင်းမှာ မုံရွာနဲ့ချောင်းဦးမြို့နယ်ကို Y12 လေယာဥ် အသုံးပြုပြီး ဗုံးကြဲမှုနဲ့ စက်သေနတ် ပစ်ခတ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

“ချောင်းဦးဖက်က ပိုထိတယ်ဗျ။ စစ်ရှောင်စခန်းနား ကျတာဆိုတော့ ကလေးတွေပါ သေတယ်။ မုံရွာဖက်ခြမ်းလည်း သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်း မနည်းမနောပဲ။ ၂၀ ကျော် ၃၀ လောက် ရှိမယ်” လို့ မုံရွာဒေသခံတစ်ဦးက ပြောပါတယ်။

မနေ့ည ၁၀ နာရီဝန်းကျင်ကနေ မနက် ၆ နာရီခန့်အထိ လုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မုံရွာမြို့နယ်ထဲက သစ်ဆိမ့်နဲ့ညောင်ဖြူပင်ရွာ၊ ချောင်းဦးမြို့နယ်ထဲက ကုလားကြီးရွာ စစ်ရှောင်စခန်းမှာရှိတဲ့ ကလေး ၂ ဦးအပါအဝင် အရပ်သား ၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကနီမြို့နယ်ထဲက နတ်ကြီး၊ မုဌောနဲ့ ဝါးချောင်းလေးရွာမှာ မနေ့မနက်ပိုင်းက Y12 လေယာဥ်နဲ့ ဗုံးအလုံးပေါင်း ၂၀ ကျော် ကြဲချခဲ့တာကြောင့် လူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကနီဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့ မုံရွာအနီးဝန်းကျင်ဒေသကို ဒီရက်ပိုင်းအတွင်း စက်တပ်လေထီး (Paramoter)အပါအဝင် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်လာတာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှု ရှိနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။