မိုင်းပန်ပျော်၊ မတ်လ ၂၃ ရက်

ရှမ်းတောင်နဲ့ ကရင်နီနယ်စပ် နန်းမယ်ခုံမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုမှာ မိုးသက်လေပြင်းကြောင့် စာသင်ကျောင်းဆောင် ၂‌ ဆောင် ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းဆောင် ပြန်လည်ပြုပြင်ဖို့ အကူအညီ လိုအပ်နေပါတယ်။

မတ်လ ၂၁ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ နန်းမယ်ခုံမြို့နယ်ထဲမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုမှာ ၁ နာရီကြာ မိုးသက်လေပြင်း တိုက်ခတ်ခဲ့တာကြောင့် စာ‌သင်ကျောင်းဆောင် ၂ ဆောင် ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်နီပြည်နယ် စေတနာ့ဝန်ထမ်း တာဝန်ခံ စတီဗင်ပါက ရွှေဖီမြေကို ပြောပါတယ်။

“နေ့လယ် ၂ နာရီဝန်းကျင်မှာစပြီး လေပြင်းတိုက်တယ် မိုးလည်း ရွာတယ်ဗျ။ ကြာချိန်ကတော့ ၁ နာရီဝန်းကျင်ဆိုပေမဲ့ လေနဲ့မိုးပြင်းတာမို့ ကျောင်းဆောင်တွေက အတော်ပျက်စီးကုန်တယ်”

အဲဒီစာသင်ကျောင်းဆောင် ၂ ခုဟာ ကျောင်းသူကျောင်းသားနဲ့ စာသင်ကြားပေးတဲ့ဆရာဆရာမ စုစုပေါင်း ၄၀၀ နီးပါး အသုံးပြုနေတဲ့နေရာ ဖြစ်ပါတယ်။

မိုးသက်လေပြင်းကြောင့် စာသင်ကျောင်းဆောင် ထိခိုက်ပျက်စီးခဲ့တာကြောင့် ကျောင်းဆောင် ပြန်လည် ပြုပြင်ဖို့အတွက် မိုးကာနဲ့ ကျောင်းဆောင်အကာတွေ လိုအပ်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

စစ်ရှောင်စခန်းမှာ နေထိုင်သူတွေဟာ တိုက်ပွဲကြောင့်နဲ့ ရေဘေးအန္တရာယ်ကြောင့် လွိုင်ကော်အနောက်ဖက်ခြမ်းကနေ ပြောင်းရွှေ့လာကြသူတွေ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။