ဓာတ်ပုံ – Kantarawaddy Times

မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ ဒီးမော့ဆို

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စာသင်ကျောင်းနဲ့ ဆေးပေးခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ စစ်တပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စာသင်ကျောင်းနဲ့ ဆေးပေးခန်းအပါအဝင် အဆောက်အဦးတချို့ ထိမှန်ပျက်စီးခဲ့ပါတယ်။

“လေယာဉ်နဲ့ လာကြဲသွားတာ ဟုတ်ပါတယ်။ ဒီးမော့ဆို အနောက်ခြမ်းက စာသင်ကျောင်းနဲ့ ဆေးပေးခန်းကို လေယာဉ် ကြဲချခဲ့တာပါ” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စာသင်ကျောင်း ပိတ်ထားချိန် ဖြစ်တာကြောင့် ထိခိုက်သေဆုံးမှုတော့ မရှိသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် စစ်တပ်က နေ့စဉ်လိုလို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင်တွေဟာ စိုးရိမ်နေရပြီး အိမ်တိုင်းလိုလို ကတုတ်ကျင်း တူးထားရတယ်လို့ စစ်ဘေးရှောင်တွေက ရွှေဖီမြေကို ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်မှာလည်း စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် ဒီးမော့ဆို အနောက်ခြမ်းရှိ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ရှမ်းတောင်-ကရင်နီနယ်စပ်ရှိ ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာတော့ စစ်တပ်နဲ့ ကရင်နီ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီအတွင်း စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၆ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက်- KCSN က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။