ဓာတ်ပုံ – SPM

သတင်းဓာတ်ပုံ

ရွှေဖီမြေ၊ ဇန်နဝါရီ ၁၀ ရက်

ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန်ကြား လမ်းမကြီးပေါ်ရှိ ရှေ့တန်း စစ်မျက်နှာပြင်က CDF ပူးပေါင်းတပ်တွေရဲ့ မြင်ကွင်းပုံရိပ်ကို ရွှေဖီမြေရဲ့ သတင်းသမားက အဲဒီဒေသအထိ ကွင်းဆင်းပြီး မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။

စစ်တပ်ဟာ ထန်တလန်မြို့ လက်မလွှတ်ရေး ဟားခါးကနေ စစ်ကူတွေ ပို့နေပြီး အဲဒီ စစ်ကူကို CDF အဖွဲ့က လိုက်လံ ဖြတ်တောက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

တိုက်ပွဲဟာ ၄ လနီးပါးအထိ ကြာမြင့်လာနေပြီး နှစ်ဖက် ထိခိုက်မှုလည်း ရှိနေပါတယ်။

လမ်းမပေါ်က တပ်စခန်းတွေကို နှစ်ဖက်တပ်က အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက်လို့ မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေပါတယ်။

ရာသီဥတုကလည်း အေးစက်နေပြီး လက်နက် လိုအပ်ချက် ရှိနေသေးတာကြောင့် တိုက်ပွဲဟာ လိုသလောက် ခရီးမပေါက်သေးပေမဲ့ ထန်တလန်ပြီးရင် ချင်းပြည်ရဲ့ မြို့တော်ဖြစ်တဲ့ ဟားခါးမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်ဖို့ ပြင်ဆင်မှု ပြုလုပ်နေတယ်လို့ CDF ဘက်က ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။