ဓာတ်ပုံ- Local

ပို့လဘား၊ မေလ ၁၁ ရက်၊ နမ့်ခမ်း

ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်လောင်းရွာမှာ ရှမ်းတပ်မတော်- SSPP ရဲ့ ပစ်ခတ်မှုကြောင့် နမ့်ခမ်းမြို့နယ်က ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မနေ့ မေလ ၁၀ ရက် မနက် ၇ နာရီဝန်းကျင်က နမ့်လောင်းရွာမှာ အသက် ၃၂ နှစ်အရွယ် ဦးညီထွေးဟာ ဟင်းသီးဟင်းရွက် သွားရှာနေချိန် SSPP က ၎င်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

“သူက အဲဒီဒေသခံ မဟုတ်ဘူး။ အဲမှာ အလုပ် လာလုပ်တာ။ သူတောထဲမှာ ဟင်းသီးဟင်းရွက် သွားရှာတဲ့အချိန်မှာ SSPP နဲ့ တွေ့တယ်။ ဒေသခံတွေက စစ်သားမြင်ရင် ကြောက်တယ်လေ တောထဲမှာဆိုတော့။ သူတို့ကို တွေ့တဲ့အချိန်မှာ သူကြောက်ပြီး ပြန်လှည့်ဖို့ လုပ်နေတာ။ ပြန်လှည့်ဖို့ လုပ်နေတဲ့အချိန်မှာ SSPP က သူ့ကို ရပ်ခိုင်းလိုက်တယ် သူမရပ်ဘူး။ သူဆက်တိုက် သွားနေတာ။ ပြီးမှ SSPP က သေနတ် ၂ ခါ ပစ်လိုက်တာ။ သူက မရပ်ဘူး ဆက်တိုက် သွားနေတာ နောက်တော့ SSPP ထပ်ပစ်လိုက်တော့ သူ့လက် ထိသွားတယ်”

ပစ်ခတ်ခံရတဲ့ အမျိုးသားဟာ နမ့်ခမ်းမြို့နယ် မန်းပူးရွာမှာ နေထိုင်သူဖြစ်ပြီး လက်ရှိမှာတော့ နမ့်ခမ်း ပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ ၎င်းအမျိုးသားက ဆက်ပြောပါတယ်။

ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်ကို ရွှေဖီမြေက စာပို့ကာ ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းပြန်တာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။