ဓာတ်ပုံ – ကရုဏာပရဟိတအသင်း

မိုင်းပန်ပျော်၊ မတ်လ ၁၇ ရက်၊ နမ့်ခမ်း

ရှမ်းမြောက် နမ့်ခမ်းမြို့နယ်နဲ့ နမ့်ဖတ်ကာကြားက ၁၃ မိုင်မှာ ဆိုင်ကယ်တစ်စီးက ကားအကြီးကို ကျော်တက်ဖို့ လုပ်နေချိန်မှာပဲ ဆိုင်ကယ်က ကားအောက်ရောက်သွားပြီး ကားကြိတ်မိကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ဟာ ဒီနေ့ မတ်လ ၁၇ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

“သူတို့နှစ်ယောက်က ဆိုင်ကယ်စီးပြီး ခိုမုန်းဘက် မီးသွေးလုပ်တဲ့နေရာကနေ နမ့်ခမ်းဘက်ကို ပြန်လာတာ။ ၁၃ မိုင်မှာ ရောက်တဲ့အချိန် သူတို့နှစ်ယောက် ကားကြီးတစ်စီးကို ကျော်ဖို့လုပ်တာ။ သူတို့နှစ်ယောက် ကားအောက်ရောက်သွားတာ။ ကားဘီးက အဲဒီယောက်ကျားလေးခေါင်းပေါ်ကို တက်ကြိတ်ပြီး ပွဲချင်းပြီးသေတယ်။ သူမိန်းမကတော့ ဒဏ်ရာအပြင်းအထန်ရတယ်”လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ပြောပါတယ်။

ဒဏ်ရာရတဲ့ အမျိုးသမီးကိုတော့ နမ့်ခမ်းဂရုဏာပရဟိတအသင်းက နမ့်ခမ်းဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ နမ့်ခမ်းဂရုဏာပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သေဆုံးသွားသူ အမျိုးသားဟာ အသက် (၃၄) နှစ်အရွယ် လိုမ်သိန်းအောင်ဆိုသူဖြစ်ပြီး နမ့်ခမ်းမြို့နယ် နမ့်စိတ်ကျေးရွာမှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

နမ့်ခမ်းနဲ့ နမ့်ဖတ်ကာကြားမှာ လမ်း‌တွေကျဉ်း‌တာကြောင့် မကြာခဏကားတွေပိတ်သလို ယာဉ်တိုက်မှုနဲ့ ယာဉ်တိမ်းမှောက်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေတယ်လို့ ကားသမားတွေ ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။