ဓာတ်ပုံ- Local

လွေးလာဝ်ဇာရ်၊ ဇန်နဝါရီ ၉ ရက်၊ တန့်ယန်း

ရှမ်းမြောက် တန့်ယန်းမြို့နယ် နားဟုတ်အုပ်စု လွယ်ပန်ရွာမှာ ကိုရင်လေးတစ်ပါး ကားပေါ်ကနေ ပြုတ်ကျပြီး ဆေးကုသဖို့အတွက် အကူအညီ လိုအပ်နေတယ်လို့ ‌ကူညီပေးနေတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

ကိုရင်လေးဟာ အရှင်နေမိန္ဒ (၁၁ နှစ်)ဆိုသူဖြစ်ပြီး ကား မရပ်သေးဘဲ ကားပေါ်ကနေ ခုန်ချမိတာကြောင့် ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်လို့ ဆိုပါတယ်။

ကူညီပေးသူ အမျိုးသားတစ်ဦးက “ကား မရပ်သေးဘဲ ကားပေါ်ကနေ ခုန်ချပြီး ဘယ်ဘက် မျက်ခုံးနဲ့ မေးစေ့မှာ ဒဏ်ရာ ရပြီး ချုပ်ရတယ်။ အခု ကိုရင်လေးက သတိရတစ်ချက် မရတစ်ချက် ဖြစ်နေတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ကိုရင်လေးဟာ တန့်ယန်း ဆေးရုံမှာ ကုသမှု ခံယူနေပြီး မန္တလေးဆေးရုံသို့ လွှဲပေးရမှာဖြစ်တဲ့အတွက်​ အကူအညီ တောင်းရခြင်းဖြစ်တယ်လို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

“သူ့မိဘတွေလည်း အဆင်မပြေတဲ့အထဲမှာ ပါတယ်။ အခု တန့်ယန်း ဆေးရုံမှာဘဲ ကုသနေတာ။ ဆရာဝန်တွေက မန္တလေးကို လွှဲပြောင်းခိုင်းတာ။ လမ်းစရိတ်လည်း မရှိ ဆေးကုသစရိတ်လည်း မရှိဘူးဆိုတော့ ဘယ်လိုမှ သွားလို့မရဘူး။ အဲကြောင့် တတ်နိုင်သလောက် ကူညီပေးစေချင်တယ်”

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။