ဓာတ်ပုံ – Local

လွေးလာဝ်ဇာရ် ၊ အောက်တိုဘာ ၂၃ ရက်၊ မိုးမိတ်

တအာင်းတပ် PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မိုးမိတ်မြို့ မြောက်ပိုင်းရပ်ကွက်ရှိ နမိတ်ချောင်းမှာ ကိုရင်တစ်ပါးက ရေသွားဆော့ကစားနေရာကနေ ပျောက်ဆုံးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက် မနက် ၈ နာရီမှာ ဆုတောင်းပြည့်စေတီမှာ သန့်ရှင်းရေးလုပ်ပြီးနောက် ခဏအနားယူနေစဥ်မှာ ရေချောင်းဘက် ရေသွားဆော့ကစားခဲ့တယ်လို့ အမျိုးသားတစ်ဦးက ပြောပါတယ်။

ရေချောင်းထဲ ပျောက်ဆုံးသွားတဲ့ အဲဒီကိုရင်ကို TNLA ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာဌာနတွေဘက်က လိုက်လံရှာဖွေနေပေမယ့် အခုချိန်ထိ ရှာမတွေ့သေးသေးဘူးလို့ ဆိုပါတယ်။

“ပျောက်တာ ဒီနေ့ဆို သုံးရက်ရှိပြီ။ TNLA ဘက်လည်း ရှာနေတယ်။ အခုချိန်အထိ ရှာလို့ မတွေ့သေးဘူး” လို့ ၎င်းအမျိုးသားတစ်ဦးက ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ ကိုရင်လေးသာ သက်တော် ၁၀ နှစ်အရွယ်ရှိတဲ့ ရှင်ပညာဗလ ဆိုသူဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့တုန်းကလည်း ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မန်ပိန်းကျေးရွာက အမျိုးသမီးတစ်ဦး ခြေချော်ပြီး နမ့်ခိုင်ချောင်းထဲမှာ ပြုတ်ကျသေဆုံးသွားခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။