ဓာတ်ပုံ- APM

အိုက်ပွီး၊ မတ်လ ၃၁ ရက်၊ ကျောက်ဖြူ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကုန်ဘွေရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လို့ ရဟန်းတစ်ပါးနဲ့ အရပ်သားတစ်ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ မတ်လ ၃၁ ရက် မနက် ၉ နာရီခန့်မှာ ကျောက်ဖြူမြို့နယ် ဝါးနက်ချွိန်ရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ရေတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ဇင်ချောင်းကုန်ဘွေရွာထဲ ကျပေါက်ကွဲခဲ့တာပဲ ဖြစ်ပါတယ်။

“ရွာထဲကို လက်နက်ကြီးကျည် ၃ လုံး ကျတယ်။ ဘုန်းကြီးကျောင်းဝန်းထဲမှာ ကျတဲ့လက်နက်ကြီးကျည်ကြောင့် ရဟန်းတစ်ပါး ပျံလွန်သွားပြီး နှစ်ပါး ဒဏ်ရာရတယ်။ နောက်လက်နက်ကြီးကျည် နှစ်လုံးက လူနေတဲ့ရပ်ကွက်မှာ ကျတယ်။ အရပ်သားတစ်ဦး သေဆုံးတယ်။ ငါးယောက်လောက်ဒဏ်ရာ ရတယ်” လို့ ဇင်ချောင်းရွာခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လက်နက်ကြီးကျည်ကြောင့် ဇင်ချောင်းကုန်ဘွေရွာက သက်တော် ၃၂ နှစ်အရွယ် အရှင်အာဒိစ္စမှာ ပြင်းထန်ဒဏ်ရာနဲ့ ဆေးကုသရင်း ပျံလွန်သွားပြီး အသက် ၃၀ အရွယ် ဦးဘဂျမ်းကတော့ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ဒဏ်ရာ ရရှိသူတွေဟာ ဆရာတော် အရှင်ဇနိတ၊ ကိုရင် ဓမ္မာနဒ္ဒနဲ့ ဦးမောင်ထွန်းမြ၊ ဒေါ်သန်းသန်းအေး၊ ဒေါ်ဖြိုးဖြိုးဝင်း၊ ဒေါ်သိန်းဟန်နု၊ မခင်မြအေးတို့ ဖြစ်ပါတယ်။

“ဒဏ်ရာ ရရှိသူတွေထဲမှာ စစ်ဘေးရှောင်တွေ ပါတယ်။ သူတို့က တခြားကျေးရွာတွေကနေ ဇင်ချောင်းမှာ စစ်ဘေးရှောင်ကြတာ။ အခုဒဏ်ရာရရှိသူတွေကို ဆေးကုသမှုတွေ ပေးနေတယ်။ ဒဏ်ရာ ပြင်းထန်တဲ့ လူနာတွေလည်း ပါတယ်” လို့ ဇင်ချောင်းရွာခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

မနေ့ မတ်လ ၃၀ ရက်ကလည်း ကျောက်ဖြူမြို့နယ် ကုလာဘာရွာကို စစ်တပ်က ဒရုန်းနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူနေအိမ်အပါအဝင် ဆိုင်ခန်းတချို့ မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။