ဓာတ်ပုံ- APM

အိုက်ပွီး၊ မတ်လ ၃၁ ရက်၊ ကျောက်ဖြူ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကုန်ဘွေရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လို့ ရဟန်းတစ်ပါးနဲ့ အရပ်သားတစ်ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ မတ်လ ၃၁ ရက် မနက် ၉ နာရီခန့်မှာ ကျောက်ဖြူမြို့နယ် ဝါးနက်ချွိန်ရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ရေတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ဇင်ချောင်းကုန်ဘွေရွာထဲ ကျပေါက်ကွဲခဲ့တာပဲ ဖြစ်ပါတယ်။

“ရွာထဲကို လက်နက်ကြီးကျည် ၃ လုံး ကျတယ်။ ဘုန်းကြီးကျောင်းဝန်းထဲမှာ ကျတဲ့လက်နက်ကြီးကျည်ကြောင့် ရဟန်းတစ်ပါး ပျံလွန်သွားပြီး နှစ်ပါး ဒဏ်ရာရတယ်။ နောက်လက်နက်ကြီးကျည် နှစ်လုံးက လူနေတဲ့ရပ်ကွက်မှာ ကျတယ်။ အရပ်သားတစ်ဦး သေဆုံးတယ်။ ငါးယောက်လောက်ဒဏ်ရာ ရတယ်” လို့ ဇင်ချောင်းရွာခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လက်နက်ကြီးကျည်ကြောင့် ဇင်ချောင်းကုန်ဘွေရွာက သက်တော် ၃၂ နှစ်အရွယ် အရှင်အာဒိစ္စမှာ ပြင်းထန်ဒဏ်ရာနဲ့ ဆေးကုသရင်း ပျံလွန်သွားပြီး အသက် ၃၀ အရွယ် ဦးဘဂျမ်းကတော့ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ဒဏ်ရာ ရရှိသူတွေဟာ ဆရာတော် အရှင်ဇနိတ၊ ကိုရင် ဓမ္မာနဒ္ဒနဲ့ ဦးမောင်ထွန်းမြ၊ ဒေါ်သန်းသန်းအေး၊ ဒေါ်ဖြိုးဖြိုးဝင်း၊ ဒေါ်သိန်းဟန်နု၊ မခင်မြအေးတို့ ဖြစ်ပါတယ်။

“ဒဏ်ရာ ရရှိသူတွေထဲမှာ စစ်ဘေးရှောင်တွေ ပါတယ်။ သူတို့က တခြားကျေးရွာတွေကနေ ဇင်ချောင်းမှာ စစ်ဘေးရှောင်ကြတာ။ အခုဒဏ်ရာရရှိသူတွေကို ဆေးကုသမှုတွေ ပေးနေတယ်။ ဒဏ်ရာ ပြင်းထန်တဲ့ လူနာတွေလည်း ပါတယ်” လို့ ဇင်ချောင်းရွာခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

မနေ့ မတ်လ ၃၀ ရက်ကလည်း ကျောက်ဖြူမြို့နယ် ကုလာဘာရွာကို စစ်တပ်က ဒရုန်းနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူနေအိမ်အပါအဝင် ဆိုင်ခန်းတချို့ မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။