ဓာတ်ပုံ – CJ

မြတ်နိုး၊ ဇူလိုင် ၉၊ ဝိုင်းမော်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ‌ဂွေထု ဒေသအခြေစိုက် လဆန်အောင်ဝါရဲ့ ပြည်သူ့စစ်တပ်ဖွဲ့က အရာရှိတစ်ဦး မနေ့ ဇူလိုင်လ ၈ ရက် ညနေ ၄ နာရီခန့်က ပစ်သတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ထောက်လှမ်းရေးပြုတ် ဒု – အရာခံဗိုလ် ဌေးအောင် (ခ)ကိုကို ပစ်သတ်ခံရတာပါ။ လက်ရှိ လဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့ ရဲ့ ဒုတိယ ခေါင်းဆောင်ပေါ့။ အစည်းဝေးလုပ်နေချိန် စကားများကြရာက ဖြစ်သွားတယ်လို့ ကြားတယ်။ နေရာလုကြတာပါ။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အစည်းဝေးခန်းမမှာ ပစ်သတ်ခံရတာဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားပုံ အသေးစိတ် မသိရပေမယ့် ‌‌လဆန်အောင်ဝါရဲ့ ဂွေထု ဌာနေပြည်သူ့စစ် တပ်ဖွဲ့ ခေါင်းဆောင်နေရာယူထားသူ ဦးနော်လီကလည်း လက်မှာ ၂ နေရာထိခိုက် ဒဏ်ရာရရှိထားပြီး ဒုတိယခေါင်းဆောင်ဖြစ်သူ ဦးဂမ်အောင် ခေါ် ဌေးအောင် (ခ) ကိုကိုက သေဆုံးသွားခဲ့တယ်လို့ သူက ပြောပါတယ်။

“ဂမ်အောင်ဆိုတာ နာမည်ခံထားတာ။ ကချင်လူမျိုး အစစ်မဟုတ်ဘူး။ ဗမာလူမျိုး။ အရင်က ခင်ညွန့်ရဲ့လူ။ ဦးနော်လီကလည်း ကချင် မဟုတ်ဘူး။ တရုတ်လူမျိုး ကချင် နာမည်ခံထားတာ။ စီးပွားရေးလုပ်ချင်လို့ ပြည်သူ့စစ်လုပ်တာ” လို့ နောက်ထပ် ဒေသခံ တစ်ဦးကလည်း ပြောပါတယ်။

လဆန်အောင်ဝါရဲ့ ဂွေထုဌာနေပြည်သူ့စစ် ဒုတိယခေါင်းဆောင်ဖြစ်သူ ဦးဂမ်အောင် ခေါ် ဌေးအောင် (ခ) ကိုကို မနေ့ ညနေ ၄ နာရီ ခန့်က ပစ်သတ်ခံရပြီးနောက် ည ၇ နာရီခန့် အထိ အလောင်းမကောက်နိုင်သေးဘူးလို့ သိရတယ်လို့ ဆိုပါတယ်။

ဂွေထု ဌာနေပြည်သူ့စစ်ကို ဦးဆောင်သူ ဦးလဆန်အောင်ဝါက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်သွားတဲ့ ဦးလဆန်အောင်ဝါရဲ့ ခေါင်းဆောင်နေရာကို ဦးနော်လီဆိုသူ ယူထားကာ ဒုတိယခေါင်းဆောင်နေရာကို ဦးဂမ်အောင် ခေါ် ဌေးအောင် (ခ) ကိုကို ယူထာဝာာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

လဆန်အောင်ဝါအဖွဲ့ဟာ လွန်ခဲ့တဲ့၂၀၀၄ ခုနှစ်မှာ KIO/KIA ကနေခွဲထွက်ကာ ၂၀၀၉ ‌ခုနှစ်မှာ ပြည်သူ့စစ်အဖြစ် တရားဝင်ပြောင်းလဲ ဖွဲ့စည်းလိုက်ပြီး ဝိုင်းမော်မြို့နယ်၊ ဂွေထု (ဂွေထူပါ) ဒေသမှာ အခြေစိုက် စီးပွားရေးလုပ်နေတာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။