ဓာတ်ပုံ- Local

ရဲမာန်၊ စက်တင်ဘာ ၂၂ ရက်၊ မြစ်ကြီးနား

ကချင်ပြည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ၁ မှာ စစ်ကောင်စီ တပ်သားတစ်ဦးက သေနတ် ၁ လက်နက်နဲ့အတူ အမျိုးသမီးအဆောင်ထဲ ဝင်ရောက် ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ စက်တင်ဘာ ၂၁ ရက် ည ၁၂ နာရီမှာ ဝင်ရောက်လာပြီး ဖုန်းနဲ့ငွေတွေ ထုတ်ခိုင်းပြီး မဖွယ်ရာ ပြုလုပ်ဖို့ ကြိုးစားနေစဉ် ပတ်ဝန်းကျင်မှ လူထုတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ ၎င်းက ပြောဆိုပါတယ်။

“အစပိုင်းက ကလေးမတွေက ကြောက်တာပေါ့။ နောက်ကြတော့ မင်းတို့ဆရာ‌တွေက Round လှည့်တာလား။ Round လှည့်တယ်ပြောတော့ အဲဆိုလည်း ကိုယ့်နေရာမှာ ကိုယ်အိပ်ကြတဲ့။ အဲကောင်မလေးနှစ်ယောက်ကြားမှာ ဝင်ပြီးတော့ သူက အပေါ်ကနေ ရေကူးဘာကူး လုပ်ပြီးမှ အဲအချိန် ကောင်မလေးတစ်ယောက်က သတိရပြီး သေနတ်ကို ဆွဲပြီးမှ အောက်ထပ်ကို ပြေးဆင်းသွားတာ။ အောက်ထပ်ကို ပြေးဆင်းသွားတော့ သူတို့ဆရာကို တွေ့တာနဲ့ ဆရာ့ကို ပြောလိုက်တယ်။ အပေါ်က ကောင်မလေးတွေကလည်း သေနတ်မရှိတဲ့အချိန်ကြတော့ အားလုံး ဝိုင်းလုံးထားပြီးမှ ရိုက်တာပေါ့။ အောက်က ကလေးမလေးက ဆရာ့ကိုပြောတော့ ယောက်ျားလေး အဆောင်ဘက်က ကျောင်းသားတွေရော အိမ်သားတွေရော ပတ်ဝန်းကျင်လူတွေ ရောက်လာပြီး သူ့ကို ဖမ်းမိသွားတာ”

ဖြစ်စဉ်ဟာ အမှတ် ၅ ရဲအရန်တပ်ရင်းအနီး ဖြစ်ပွားခဲ့တာဖြစ်ပြီး ဓားပြတိုက်သူကလည်း ၎င်းတပ်ရင်းမှ ဖြစ်နိုင်ဖွယ်ရှိကြောင်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“ဒီလိုဖြစ်စဉ်ကလည်း စစ်ကော်မရှင်ရဲ့ အသိုင်းအဝိုင်းဘက်က လုပ်တာလည်း များတယ်။ တပ်ထဲဝင်လာတဲ့ ကလေးတွေပေါ့။ ပြီးတော့ တပ်ထဲ အတင်းအ‌ဓ္မ ထည့်တဲ့ကလေးတွေကလည်း ထောက်ပံ့မှုမရှိ စားသောက်ဖို့မရှိရင် သူတို့ကလည်း အပြင်ထွက်ပြီးမှ လုယက်တာမျိုး ရှိတယ်။ ပျက်စီးနေတဲ့ လူငယ်တွေလည်း လုပ်တယ်” လို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့လအတွင်း လူ ၇ ယောက်လောက် လုယက်သတ်ဖြတ်ခံခဲ့ရပြီး ဖုန်း၊ ဆိုင်ကယ်နဲ့ ဆွဲကြိုး လုယက်မှုကလည်း နေ့စဉ်လိုလို ဖြစ်ပွားနေတယ်လို့ နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။