ဓာတ်ပုံ- အမှတ်(၁) စစ်ဒေသ

ခိုင်လေး၊ မတ်လ ၁၁ ရက်၊ နွားထိုးကြီး

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ဝက်လူးရဲစခန်းကနေ ထွက်လာတဲ့ စစ်‌ကောင်စီစစ်ကြောင်းကို နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာ‌ကြောင့် စစ်သား ၂၅ ဦး သေဆုံးပြီး အရာရှိ ၂ ဦး အပါအဝင် ၁၄ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၉ ရက်က ဝက်လူး ရဲစခန်းကနေ ထွက်လာတဲ့ တပ်မ ၁၀၁ လက်အောက်ခံ အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မြင်းခြံခရိုင် တပ်ရင်း ၄၊ ၁၀၊ နွားထိုးကြီးမြို့နယ် ပကဖ နဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့က ကျတွင်းဘိုးရွာ အနောက်တောင်ဘက်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“တိုက်ပွဲက မနက် ၉ နာရီကနေ နေ့လယ် ၂ နာရီခွဲလောက် ကြာတယ်။ အမှတ်(၁) စစ်ဒေသက ထုတ်ပြန်ထားတဲ့အတိုင်းပါဘဲ။ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကိုတော့ ဘယ်လိုထိန်းသိမ်းထားလဲ ဘယ်မှာ ထားလဲဆိုတာတော့ ပြောလို့ မရဘူး” လို့ နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်က မိတ္ထီလာနဲ့ တံတားဦး လေတပ်ကနေ ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်း ၂ ကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး နွားထိုးကြီးမြို့နယ် ပကဖဘက်မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ် လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုမှာ စစ်တပ်ရဲ့ MA-1 ၁၉ လက်၊ MA-2 ၂ လက်၊ MA-3 ၇ လက်၊ MA-5 ၂ လက်၊ MA-11 ၇ လက်၊ MA-12 ၁ လက်၊ G-3 ၂ လက်၊ G-4 ၁ လက်၊ ၆၀ မမ ပြောင်းတို ၂ လက်၊ ၈၁ မမ စိန်ပြောင်း ၁ လက်၊ 5.56 ကျည် (၁၂,၀၀၀)တောင့်၊ 7.62 ကျည် (၁,၀၄၅)တောင့်၊ ၉ မမ ကျည် ၁၉ တောင့်၊ ၆၀ မမ ကျည် ၂၈ လုံး၊ ၈၁ မမ ကျည် ၇ လုံး၊ RPG ကျည်အဖူး ၇ လုံး၊ RPG ပို့ကျည် ၈ တောင့်၊ အီနာဂါ ၂၁ လုံး၊ နင်းမိုင်း ၅ လုံး၊ လက်ပစ်ဗုံး ၁၁ လုံး၊ Laptop ၂ လုံး၊ ဆက်သွယ်ရေးစက် ၂ လုံး စုစုပေါင်း လက်နက် ၄၄ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။