လွေးလာဝ်ဇာရ်၊ အောက်တိုဘာ ၁၆ ရက်၊ လက်ပံတန်း

‌ပဲခူးတိုင်း လက်ပံတန်းမြို့နယ် သရက်ချောင်းကျေးရွာဘက်မှာ မီးရှို့ဖျက်ဆီးဖို့အတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် တပ်သား ၂၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၂ ဦးလည်း ဖမ်းမိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။

စစ်တပ်စစ်ကြောင်းတွေကို မနေ့ အောက်တိုဘာ ၁၅ ရက် မနက် ၁၀ နာရီမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၈၀ ကျော် ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက “အင်အား၈၀ခန့် စစ်ကြောင်းထိုးလာပြီးအိမ်တွေမီးရှို့ဖို့လုပ်နေစဥ်မှာပဲ တော်လှန်ရေးတပ်ပေါင်းစုတွေဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တာပါ။ တိုက်ပွဲကြာချိန်၂ နာရီနီးပါးကြာမြင့်ခဲတယ်။ စစ်တပ်ဘက်က ၂၀ သေပြီး အရှင် ၁၂ ယောက် ဖမ်းမိခဲ့ပါတယ်။ လက်နက်‌တွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ တော်လှန်ရေး ရဲဘော်များအထိခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်တပ်တွေကို ပြည်သူ့ကာကွယ်‌ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုနဲ့ အမှတ် (၃၈၀၂) တပ်ရင်း၊ အမှတ် (၃၈၀၃) တပ်ရင်း၊ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကြားဖြတ်တိုက်ခိုက်မှုအတွင်းမှာ ကောင်စီတပ်သား (၁၅) ဦးထက်မနည်း သေဆုံးခဲ့ပြီး စစ်သုံ့ပန်းအဖြစ် (၁၂) ဦးကို ဖမ်းဆီးရရှိထားတဲ့အပြင် လက်နက်အစုံ (၁၉) လက်၊ ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရဲဘော်ဘက်က အထိအခိုက်မှုမရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်းကိုလည်း သတင်းထုတ်ပြန်ထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။