ရဲမာန်၊ အောက်တိုဘာ ၁၃ ရက်၊ မြင်းခြံ
မန္တလေးတိုင်း မြင်းခြံမြို့နယ် ကျောက်ပြုတ်ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့မှ ဒီနေ့ အောက်တိုဘာ ၁၃ ရက်မှာထုတ်ပြန်ထားပါတယ်။
မနေ့ အောက်တိုဘာ ၁၂ ရက် နေ့လယ် ၂ နာရီမှာ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှာ ၁၀ ဦးသေဆုံးတယ်လို့ ထုတ်ပြန်ထားပါတယ်။
“စခန်းကို အင်အား ၃၀နဲ့ အထိုင်ချထားတာ။ လက်နက်သိမ်းဆည်းရမိတာတော့ရှိဘူး။ စစ်ကူအင်းအား ၁၅၀ ခန့်ဝင်ရောက်လာလို့ စခန်းမသိမ်းနိုင်ခဲ့တာ”လို့ ပြည်သူ့ကြယ်တစ်ပွင့်ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရွှေဖီမြေကို ပြောပါတယ်။
အဆိုပါတိုက်ပွဲကို ၃ နာရီခန့်ကြာ ဖြစ်ပွါးခဲ့ပြီး မိမိတို့တော်လှန်ရေးတပ်ဘက်မှ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
ညောင်ပင်ရွာနဲ့ ရွာကြီးကျေးရွာတွေမှာ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးပြီး ထိုးစစ်ဆင်နေတာကြောင့် မိမိတို့တပ်ဖွဲ့ဘက်ကလည်း တဖန်စစ်ကြောင်းထိုးပြီး စစ်ကူပေးနေတာဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ ကြယ်တစ်ပွင့်တပ်ဖွဲ့၊ MGN Danger Dynamites နှင့် MGRF PDF တပ်ဖွဲ့ နှင့်တာလီဖိုက် PDF တပ်ဖွဲ့ နှင့်မြင်းခြံ ပကဖ တပ်ဖွဲ့တွေက ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။