အိုက်ပွီး၊ အောက်တိုဘာ ၄ ရက်၊ မင်းတပ်

ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၃ ဦး ဒဏ်ရာရရှိပြီး တစ်ဦးက ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်နဲ့ အနောက်ရပ်ကွက်ကို ဒီနေ့ အောက်တိုဘာ ၄ ရက် မနက် ၁ နာရီခွဲခန့်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။

“လေယာဉ်က နီးနီးလေး ပျံပြီး ဗုံးကြဲသွားတာပါ။ ရှေ့ပြင်ရပ်ကွက်မှာတစ်ကြိမ်၊ အနောက်ရပ်ကွက် ဟုန်းဟုန်းဟိုတယ်မှာတစ်ကြိမ် ဗုံးကြဲသွားတယ်။ အရပ်သား ၃ ယောက် ဒဏ်ရာ ရတယ်။ တစ်ဦးက ပြင်းထန်ဒဏ်ရာနဲ့ အသက်အန္တရာယ် စိုးရိမ်ရတယ်” လို့ မင်းတပ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၅ လုံးထက်မနည်း ပျက်စီးသွားပြီး အိမ် ၃ လုံးကတော့ လုံးဝ ပျက်စီးသွားတယ်လို့ သိရပါတယ်။

“ပျက်စီးမှုက အနောက်ရပ်ကွက်မှာ များတယ်။ ဟိုတယ်ကို ဗုံးကြဲတာဖြစ်တဲ့အတွက် ပျက်စီးသွားတယ်။ အနီးအနားက လူနေအိမ်တွေလည်း ပျက်စီးသွားတယ်။ အိမ် ၅ လုံးလောက်ရှိမယ်။ အိမ် ၃ လုံးလောက်က လုံးဝ ပျက်စီးသွားပါတယ်” လို့ မင်းတပ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်ကလည်း မင်းတပ်မြို့ကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အရပ်သားနေအိမ် ၇ လုံး ပျက်စီးသွားပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၃၀ ရက်ကလည်း ပလက်ဝမြို့ကို ပေါင် ၅၀၀ ဗုံးသီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၂ ဦး သေဆုံးပြီး ကလေးအပါအဝင် ၂၃ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ ဆေးရုံအပါအဝင် လူနေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးသွားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။