ဓာတ်ပုံ – CJ

ပို့လဘား၊ အောက်တိုဘာ ၂၇ ရက်၊ မိုးကုတ်

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့လယ်က ကန်ဘောင်တစ်ခုမှာ မနေ့ အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီမှာ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ရေပေါ်မှာပေါ်လာတာတော့တွေ့တယ်။ သူလမ်းလျှောက်ထွက်လာတာလား။ အလောင်းကြည့်ရသလောက်တော့ ပြီးခဲ့တဲ့ နှစ်ရက်ကတည်းက ပြုတ်ကျတာထင်တယ်။ ပြီးခဲ့တဲ့နှစ်ရက်က ဂေါ်ရခါးလူမျိုးရဲ့ ပွဲတော်ဆိုတော့ သူတို့ တစ်ညလုံး သောက်စားနေကြတာ။ မနေ့မှ သူ့အလောင်းပေါ်တာ။ သူများပစ္စည်းလုသတ်တာမျိုးတော့ မဟုတ်လောက်ဘူး။ ဘာလို့ဆို လက်စွပ်တွေရော ပိုက်ဆံတွေရော သူ့ခန္ဓာကိုယ်မှာ တွေ့သေးတယ်။ အရက်သောက်လွန်ပြီး ပြုတ်ကျတာလား။ အခုဆေးရုံမှာစစ်ဆေးနေတာမို့ မသိနိုင်‌သေးဘူးလို့ ဆိုပါတယ်။

အဆိုပါ အမျိုးသားဟာ မိုးကုတ်မြို့မှာ နေထိုင်တဲ့ ဂေါ်ရခါးလူမျိုးဖြစ်ပြီး အသက်အရွယ်အလတ်ပိုင်းသာ ဖြစ်တယ်လို့ အဆိုပါအမျိုးသားက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်က ဂေါရခါးလူမျိုးတွေရဲ့ ဒေဝါလီပွဲတော်ရှိခဲ့တာကြောင့် အရက်အလွန်အကျုးသောက်ပြီး ဘောင်ကန်ထဲ ပြုတ်ကျတာလည်းဖြစ်နိုင်တယ်လို့ အဆိုပါအမျိုးသားက ပြောပါတယ်။

သေဆုံးသွားတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ၎င်းအမျိုးသားရဲ့ရုပ်အလောင်းကိုတော့ မိုးကုတ်မြို့ ဆေးရုံမှာ အခုလက်ရှိ စစ်ဆေးနေဆဲတာဖြစ်တယ်လို့ ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။