ဓာတ်ပုံ – Local

လွေးလာဝ်ဇာရ်၊ မေလ ၆ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်တောင်မှာ အမျိုးသားတစ်ဦး ဓားနဲ့ ထိုးသတ်ခံခဲ့ရတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ မေလ ၅ ရက် နေ့လယ် ၃ နာရီမှာဖြစ်ပွားခဲ့ပြီး ကျောက်လုပ်သူ အချင်းချင်း စကားများပြီး သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဖြစ်စဉ်သိရှိသူ တစ်ဦးက “ရတနာ အဓိပတိစိုက်ထဲမှာ ဖြစ်ပွားခဲ့တာပါ။ ကျောက်ရှာချိန် ကျောက်ရှာ အချင်းချင်းဖြစ်သွားတာပါ။ နဂိုကတည်းက ရန်ဖြစ်ထားတာလား မသိဘူး။ အငြိုးရှိထားပုံရတယ်လို့ ယူဆပါတယ်။ အုပ်စုလိုက်လည်း မဟုတ်ဘူး။ တစ်ယောက်နဲ့ တစ်ယောက်ထိုးကြတယ်လို့ပြောတယ်။ ဓားနဲ့ အချက်ပေါင်း အများကြီးထိုးခံတာ” လို့ ပြောပါတယ်။

ဓားနဲ့ ထိုးသတ်ခံရသူ အမျိုးသားဟာ ကိုချစ်ကိုကို(၂၂ နှစ်) ဆိုသူဖြစ်ပြီး မန္တလေးတိုင်း တံတားဦးဘက်မှာ နေထိုင်ကြတယ်လို့ အထက်ပါ ဖြစ်စဉ်သိရှိသူက ဆိုပါတယ်။

ဖြစ်စဉ်ဖြစ်ပွားတဲ့ အချိန်မှာ ကိုချစ်ကိုကို ဆိုသူကို လူမှုကူညီရေးအသင်းတွေက ဆေးရုံပို့ဖို့ခေါ်ဆောင်သွားပေမယ့် လမ်းတစ်ဝက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှုနဲ့ ဓားထိုးသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပွါးနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။