ဓာတ်ပုံ- လူထုလှုပ်ရှားမှု ကော်မတီ တောင်သာ

ခိုင်လေး၊ မတ်လ ၁၁ ရက်၊ တောင်သာ

မန္တလေးတိုင်း တောင်သာမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က အေးကြင်းရွာ ဘုရားဝင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ တောင်သာက ဒီနေ့ မတ်လ ၁၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

မနေ့ မတ်လ ၁၀ ရက် နေ့လယ် ၃ နာရီ ၂၀ မိနစ်က အေးကြင်းရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်ဟာ ဘုရားဝင်းအတွင်းက ဓမ္မာရုံကို လေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်တာလို့ တောင်သာ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ပေါင် ဘယ်လောက်လဲတော့ သေချာမသိဘူး။ အဲမှာ အမျိုးသမီးက ပွဲချင်းပြီး သေသွားတယ်။ အမျိုးသားကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ကြားတယ်။ ရွာမှာက တိုက်ပွဲ ဖြစ်တာမျိုးတော့ မရှိဘူး။ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဘဲလို့ မြင်တယ်”

ဒီနေ့မနက် ၂ နာရီဝန်းကျင်ကလည်း မိတ္ထီလာ လေတပ်ကနေ တက်လာတဲ့ စက်တပ်လေထီး ၂ စီး ဇရပ်ကြီးရွာပေါ် ဗုံးသီး ၈ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေရဲ့ နေအိမ်တချို့ ပျက်စီးခဲ့ပြီး လူထိခိုက်တာတော့ မရှိဘူးလို့ လူထုလှုပ်ရှားမှုကော်မတီ တောင်သာက ထုတ်ပြန်ထားပါတယ်။

စစ်တပ်က ဒေသခံတွေ နေထိုင်တဲ့ နေရာတွေကို ဗုံးကြဲတိုက်ခိုက်နိုင်သေးတာကြောင့် ဒေသခံတွေအနေနဲ့ သတိထား‌ နေထိုင်ကြဖို့၊ လေယာဉ်၊ စက်တပ်လေထီးအသံ ကြားပါက လုံးဝ မော့မကြည့်ပဲ ဗုံးခိုကျင်းအတွင်း ပုန်းခိုကြပြီး အသက်ဘေးအန္တရာယ်ကို ကာကွယ်ကြဖို့ တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီက အသိပေးထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။