လွေးဇွန်မိုး၊ ဇူလိုင် ၁၄ ရက်၊ ကွတ်ခိုင်
တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်မှာ အသေးစားဓာတ်ဆီဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ရှင်ဖြစ်သူ ဦးခမ်းညွန့်ဆိုသူက ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက် ည ၈ နာရီဝန်းကျင်မှာ ကွတ်ခိုင် တိုးဂိတ်အနီးရှိ အသေးစား ဓာတ်ဆီဆိုင်တစ်ဆိုင်မှာ ဘတ်ထရီကြိုးကနေတစ်ဆင့် ရှော့ဖြစ်ပြီးမီးလောင်မှုဖြစ်ခဲ့တာလို့ မီးငြိမ်းသတ်မှုမှာ ပါဝင်ခဲ့သူ အမျိုးသားတစ်ဦးက ပြောပါတယ်။
“သူတို့အထဲမှာ ဓာတ်ဆီထားတာလေ။ အထဲမှာ ဓာတ်ဆီ ၄ ပေပါလောက်ရှိမယ်ထင်တယ်။ သူတို့က ကုန်စုံဆိုင်နဲ့ ဓာတ်ဆီဆိုင်ပေါင်းဖွင့်တာလေ”
မီးလောင်မှုအတွင်း ကား ၁ စီး၊ ဓာတ်ဆီ ပေပါပုံး ၃ ပုံးနဲ့ ဆိုင်ထဲကပစ္စည်းတွေအားလုံး စုစုပေါင်းကာလတန်ဖိုး သိန်း ၂၆၀ ကျော် မီးလောင်ဆုံးရှုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်မှာလည်း နမ့်ခမ်းမြို့နယ်၊ မိုင်းဝီး ရပ်ကွက် (၁) က နေအိမ် တစ်အိမ် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။