ဓာတ်ပုံ- Local

လွေးဇွန်မိုး၊ မတ်လ ၁၃ ရက်၊ ယင်းမာပင်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကပိုင်ရွာအနီးကို စစ်ကောင်စီတပ်က Paramotor လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၄၀ ဝန်းကျင်အရွယ် ဒေသခံ အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။

မနေ့ မတ်လ ၁၂ ရက် ည ၇ နာရီကျော်မှာ တိုက်ပွဲ ဖြစ်ပွားတာမရှိပဲ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)ကနေ Paramotor လေထီးနဲ့ ကပိုင်ရွာအနီးဝန်းကျင်ကို ဗုံးသီး ၇ လုံး လာရောက်ကြဲချသွားတယ်လို့ ဖြစ်စဥ်သိရှိသူ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲ မဖြစ်ဘူး။ ဒီအတိုင်း လာပြီးတော့ သူတို့ လေကြောင်း တိုက်ခိုက်သွားတာ။ ဒီ စစ်ကိုင်းတိုင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေပြီးတော့ ပါရာမိုတာ လေထီးနဲ့ လေကြောင်း တိုက်ခိုက်သွားတာပေါ့နော်။ ကပိုင်ရဲစခန်းအပါအဝင် လူနေအိမ်တချို့လည်း အနည်းငယ် ထိခိုက်တယ်”

ကပိုင်ရွာမှာ အိမ်ခြေ ၁,၅၀၀ နီးပါးရှိပြီး လက်ရှိမှာတော့ ဒေသခံတချို့ဟာ ဘေးလွတ်ရာ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေကြပြီး တချို့ကလည်း ရွာထဲမှာ ကျန်ခဲ့တယ်လို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

“တချို့ကလည်း ရွာထဲမှာ ရှိတယ်။ တချို့ကလည်း ဘေးလွတ်ရာကို တိမ်းရှောင်ကြတာရှိတယ်။ တောတွေထဲမှာပဲ ရှောင်ကြတာ။ အဓိကတော့ လေကြောင်း တိုက်ခိုက်မှုကို ကြောက်လို့ ထွက်ပြေးတိမ်းရှောင်ကြတာ။ မနေ့ညတုန်းက အခြေအနေအရဆိုရင် ရွာလုံးကျွတ်နီးပါးလို့ ပြောလို့ရတာပေါ့။ အခုတော့ သုံးပုံ နှစ်ပုံလောက်တော့ ပြန်ရောက်ကြပြီလို့ ပြောတယ်”

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက် နေ့လယ် ၃ နာရီခွဲခန့်မှာလည်း မကွေးတိုင်း ပေါက်မြို့နယ် ပုသိမ်-မုံရွာ ကားလမ်းမပေါ်မှာရှိတဲ့ ထောက်ရှာပင်ရွာကို စစ်တပ်က စက်တပ်လေထီး (Paramoter)နဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကျောင်းသူတစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် ၄ နှစ်နီးပါးအတွင်း စစ်ကိုင်းတိုင်းမှာ အရပ်သား ၅ ထောင်ကျော် (၅,၃၀၄ ဦး) သေဆုံးခဲ့ပြီး ၃,၇၈၈ ဦး ဒဏ်ရာ ရခဲ့တယ်လို့ Data for Myanmar က မနေ့ မတ်လ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။