ရွှေဖီမြေ၊ ဇန်နဝါရီ ၂၄ ရက်၊ သီပေါ
ရှမ်းမြောက် သီပေါမြို့မှာ အမျိုးသားတစ်ဦး မိုင်းနင်းမိတာကြောင့် လက်ချောင်းပြတ်ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တအာင်းတပ်မတော်- TNLA က ဒီနေ့ ဇန်နဝါရီ ၂၄ ရက်မှာ ထုတ်ပြန်လာပါတယ်။
သီပေါမြို့နယ် မန်ကောင်းရွာမှာရှိတဲ့ အမျိုးသားတစ်ဦးက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် ည ၈ နာရီမှာ မိုင်းနင်းမိခဲ့တာပဲ ဖြစ်ပါတယ်။
မိုင်းနင်းမိပြီး လက်ချောင်း ပြတ်သွားတဲ့ အမျိုးသားဟာ အသက် ၃၄ နှစ်အရွယ်ရှိတဲ့ ဦးဆိုင်လီနော်ဆိုသူ ဖြစ်ပါတယ်။
ဦးဆိုင်လီနော် မိုင်းနင်းမိတဲ့နေရာဟာ အရင်က စစ်ကောင်စီတပ် ခမရ ၅၀၄ တပ်စခန်းအနီးမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်ကလည်း သီပေါမြို့နယ် စံဖိတ်ရွာက ဦးအိုက်ဆိုင်ဆိုသူဟာ ခြံအတွင်း မြက်ရှင်းရာကနေ မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ပါတယ်။