ဓာတ်ပုံ – CJ

မိုင်းရူပ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ သီပေါ

သီပေါမြို့နယ် စံဖိတ်ရွာမှာ အမျိုးသားတစ်ဦးက မိသားစုဝင်ကို ဓားနဲ့ခုတ်လို့ ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက် မနက် ၇ နာရီဝန်းကျင်မှာ စံဖိတ်ရွာက အသက် ၄၀ ဝန်းကျင် စိုင်းမြင့်အောင်ဆိုသူဟာ နေအိမ်ထဲ ၎င်းရဲ့ အမျိုးသမီးဖြစ်သူ နန်းစံဦး၊ ယောက္ခထီးနဲ့ ယောက္ခမကို ဓားနဲ့ ခုတ်သတ်ခဲ့ပြီးနောက် နေအိမ် အနောက်ဘက် ထွက်ပြေးခဲ့ပါတယ်။

အိမ်နောက်ဘက် ထွက်ပြေးသွားချိန် အိမ်နောက်ဘေးရှိ ရေချောင်းကို ဖြတ်ကျော်ပြီး ဝေဖြိုးဆိုသူရဲ့ အိမ်သို့ ရောက်ရှိခဲ့ရာ ဝေဖြိုးကိုလည်း ဓားနဲ့ ထပ်ခုတ်သတ်ခဲ့ရာ ရွာခံတွေက ဝိုင်းဖမ်းခဲ့တယ်လို့ သီပေါဒေသခံတစ်ဦးက ပြောပါတယ်။

“သူ့မိန်းမ နန်းစံဦးကို ဓားနဲ့ ခုတ်တဲ့အချိန်မှာ သူ့မိန်းမ အိမ်အပြင် ပြေးလာပြီး အကူအညီတောင်းတာ။ အဖိုးနဲ့ အဖွားကိုလည်း သူသတ်ပြီးပြီ။ အဲအချိန်မှာ စိုင်းမြင့်အောင် အိမ်နောက်ဘက် ပြေးသွားတယ်။ ဝေဖြိုးအိမ်ကို ရောက်တော့ ဝေဖြိုးကို ထပ်ခုတ်တာ။ ဝေဖြိုး မိန်းမကို ထပ်ခုတ်ဖို့ လုပ်တဲ့အချိန်မှာ သူ့ကို ဝိုင်းဖမ်းလိုက်ကြတာ”

လူသတ်မှု ကျူးလွန်သူ စိုင်းမြင့်အောင်ဆိုသူကို တအာင်းတပ်မတော်- TNLA ရဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဘာကြောင့် လူသတ်မှု ကျူးလွန်တာလဲဆိုတာကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်မှာလည်း ရှမ်းမြောက် မိုးမိတ်မြို့နယ် နမ့်ဥမ္မာရွာမှာ အမျိုးသမီးတစ်ဦး သတ်ခံခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။