ဓာတ်ပုံ- Local

မြတ်နိုး၊ မတ်လ ၂၇ ရက်၊ နမ့်ဖတ်ကာ

ကချင်တပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာမှာ မနေ့ မတ်လ ၂၆ ရက် နေ့လယ်က သက်ကြီးပိုင်း အမျိုးသားတစ်ဦး စစ်ကျန်မိုင်း နင်းမိပြီး ညာခြေထောက် ပြတ်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“‌‌စစ်‌ကောင်စီတပ်ရဲ့ စခန်းဟောင်း ခလရ ၄၅ စခန်းကုန်းအောက်နားမှာ နင်းမိတာ။ ညာဘက် ခြေထောက် ပြတ်သွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အသက် ၆၃ နှစ်ရှိပြီ။ နမ့်ဖတ်ကာ ရပ်ကွက် ၂ ကပါ။ နာမည်က ဦးဂေါ်ဂျားချန်း” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

နမ့်ဖတ်ကာမှာ တိုက်ပွဲ မရှိတော့ပေမဲ့ အန္တရာယ်ရှိနိုင်တဲ့ နေရာတချို့ကိုတော့ တားမြစ်ထားဆဲ ဖြစ်တာကြောင့် သတိထားပြီး သွားလာသင့်တယ်လို့ သူက ပြောပါတယ်။

ဒေသခံတွေက ခြံထဲနဲ့ တောထဲ ဟင်းသီး ဟင်းရွက်ရှာဖို့သွားရင် စစ်ကျန်မိုင်း နင်းမိတာအပြင် ဗုံး ထိမိရာက ပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာ ရသူတွေ များတယ်လို့ မိုင်းအန္တရာယ် အသိပညာပေး အကူအညီ ပေး‌နေသူတစ်ယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ မတ်လ ၂၂ ရက်ကလည်း နမ့်ဖတ်ကာမှာ အမျိုးသားတစ်ဦး စစ်ကျန်မိုင်း ကောက်ယူ ဖြုတ်ကြည့်ရာကနေ ပေါက်ကွဲပြီး သေဆုံးခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။