ဓာတ်ပုံ- Local

မြတ်နိုး၊ မတ်လ ၂၇ ရက်၊ နမ့်ဖတ်ကာ

ကချင်တပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာမှာ မနေ့ မတ်လ ၂၆ ရက် နေ့လယ်က သက်ကြီးပိုင်း အမျိုးသားတစ်ဦး စစ်ကျန်မိုင်း နင်းမိပြီး ညာခြေထောက် ပြတ်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“‌‌စစ်‌ကောင်စီတပ်ရဲ့ စခန်းဟောင်း ခလရ ၄၅ စခန်းကုန်းအောက်နားမှာ နင်းမိတာ။ ညာဘက် ခြေထောက် ပြတ်သွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အသက် ၆၃ နှစ်ရှိပြီ။ နမ့်ဖတ်ကာ ရပ်ကွက် ၂ ကပါ။ နာမည်က ဦးဂေါ်ဂျားချန်း” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

နမ့်ဖတ်ကာမှာ တိုက်ပွဲ မရှိတော့ပေမဲ့ အန္တရာယ်ရှိနိုင်တဲ့ နေရာတချို့ကိုတော့ တားမြစ်ထားဆဲ ဖြစ်တာကြောင့် သတိထားပြီး သွားလာသင့်တယ်လို့ သူက ပြောပါတယ်။

ဒေသခံတွေက ခြံထဲနဲ့ တောထဲ ဟင်းသီး ဟင်းရွက်ရှာဖို့သွားရင် စစ်ကျန်မိုင်း နင်းမိတာအပြင် ဗုံး ထိမိရာက ပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာ ရသူတွေ များတယ်လို့ မိုင်းအန္တရာယ် အသိပညာပေး အကူအညီ ပေး‌နေသူတစ်ယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ မတ်လ ၂၂ ရက်ကလည်း နမ့်ဖတ်ကာမှာ အမျိုးသားတစ်ဦး စစ်ကျန်မိုင်း ကောက်ယူ ဖြုတ်ကြည့်ရာကနေ ပေါက်ကွဲပြီး သေဆုံးခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။