ဓာတ်ပုံ – အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့

ပို့လဘား၊ နိုဝင်ဘာ ၂၉ ရက်၊ မြိုင်

မကွေးတိုင်း မြိုင်မြို့နယ် ညောင်ရွာကျေးရွာက အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်မှာ ညောင်ရွာကျေးရွာက အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က သရက်ကန် ပျူရွာဘက်ကို ဖမ်းဆီးသွားခဲ့ရာ မနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့မှာတော့ မြိုင်မြို့နယ် မြေရင့်ရွာနဲ့ နှမ်းဆီကန်ရွာအကြားက တောထဲတစ်နေရာမှာ သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

“သူက တောတိုက်ထဲမှာ စစ်ရှောင်နေတာ။ စစ်ရှောင်နေစဥ်မှာပဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ တွေ့ပြီး ဖမ်းဆီးခံရခြင်းဖြစ်ပါတယ်။ ဝမ်းဗိုက်မှာ ထိုးသွင်းဒဏ်ရာနှစ်ချက်နဲ့ လည်ပင်းမှာ လှီးဖြတ်ပြီး ရက်ရက်စက်စက်သတ်ဖြတ်ထားတာကို တွေ့ရှိခဲ့ရတာပဲ ဖြစ်ပါတယ်။ သူ့အလောင်းကို ကျနော်တို့ ဒီမနက်မှာပဲ တွေ့တာ အလောင်းက မပုပ်ပွသေးဘူး။ တောင့်အေးနေတာပဲ ရှိတယ်” လို့ အညာမြေအရပ်ဖက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတ်ဖြတ်ခံရသူ အမျိုးသားဟာ အသက် ၃၃ နှစ်အရွယ်ရှိတဲ့ ကိုငသိန်းဆိုသူ ဖြစ် ပါတယ်။

မြိုင်မြို့နယ် စက်မှုစုန် ၂ ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဝက်ပုတ်ကျေးရွာအနီးရှိ ရွာတန်းရှည်ကျေးရွာက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်ကစပြီး မြိုင်မြို့နယ်ထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး ဒေသတွင်းရှိ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဒေသခံတွေကိုလည်း သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။