ဓာတ်ပုံ- Google

လွေးဇွန်မိုး၊ ဇန်နဝါရီ ၁၀ ရက်၊ မိုင်းကိုင်

ရှမ်းတောင် မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာက အသက် ၄၂ နှစ်ဝန်းကျင်အရွယ် ခတ္တိယျဆိုသူကို ရှမ်းပြည်တပ်မတော်- SSPP/SSA က ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်က မောက်လျန်ရွာအနီးမှာ ပေါက်ကွဲမှု ဖြစ်ပြီးနောက် ခြံထဲ ရှိနေတဲ့ ခတ္တယျဆိုသူက ကြောက်လန့်ပြီး ထွက်ပြေးတာကြောင့် SSPP က လိုက်လံ ပစ်ခတ်ရာ ထိမှန်သေဆုံးသွားတာလို့ ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“သူက ပြောင်းဖူးခြံထဲ နေတာ။ မိုင်းပေါက်ကွဲတော့ ထိတ်လန့်ပြီး ပြေးတော့ အစိမ်းတွေ(SSPP) သူ့ကို သေနတ်နဲ့ လှမ်းပစ်တယ်။ ဘယ်နှစ်ချက် မှန်လဲတော့ မသိဘူး။ အဲတစ်ယောက်က သေသွားတာ”

အဲဒီအမျိုးသားကို ပန်ကေတုရွာမှာ တာဝန်ကျတဲ့ SSPP တပ်မှ စိုင်းမိန်းဆိုသူနဲ့ ၎င်းရဲ့ လက်အောက်ခံ တပ်သားတွေက ပစ်သတ်ခဲ့တာလို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

“သူ့ရဲ့ မိသားစုဝင်​ေတွ သိပါပြီ။ ဘာမှ မတတ်နိုင်ဘူး။ ဘာမှမတတ်နိုင်တဲ့အပြင် နှုတ်ပိတ်နေရတဲ့ သဘောမျိုး။ ပန်ကေတုမှာ တာဝန်ကျတဲ့ သူတို့ခေါင်းဆောင်နာမည်က စိုင်းမိန်းတဲ့ ရာထူးတော့ မသိဘူး”

အဲဒီအမျိုးသား ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက် သိရဖို့ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်ကို ရွှေဖီမြေက ဖုန်းနဲ့ ၂ ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မောက်လျန်ရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် မောက်လျန်ရွာက အမျိုးသား ၉ ဦးကို SSPP က ဖမ်းဆီးသွားခဲ့ပြီး ၈ ဦးကို ပြန်လွှတ်ပေးခဲ့ပေမဲ့ တစ်ဦးကိုတော့ လက်ရှိအချိန်ထိ ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလ ၁၉ ရက်မှာလည်း တောထဲ ကျွဲ သွားကျောင်းနေတဲ့ မိုင်းကိုင်မြို့နယ် လွယ်ယန်းရွာက အသက် ၅၀ အရွယ် ကွီထွေးကို SSPP က ပစ်သတ်လို့ သေဆုံးသွားတဲ့ဖြစ်စဉ်လည်း ရှိပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။