ဓာတ်ပုံ – CJ

လွေးလာဝ်ဇာရ်၊ ဖေဖော်ဝါရီ ၆ ရက်၊ ရပ်စောက်

ရှမ်းတောင် ရပ်စောက်မြို့နယ် အင်းတောမြို့က အမျိုးသားတစ်ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP က ဖမ်းဆီးရိုက်နှက်လို့ သေဆုံးသွားခဲ့တယ်လို့ နီးစပ်သူတွေက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက် ည ၈ နာရီခွဲဝန်းကျင်မှာ သူငယ်ချင်းအိမ် သွားလည်ပြီးအပြန်မှာ ဖမ်းဆီးရိုက်နှက်ခံခဲ့ရတာလို့ သေဆုံးသူ အမျိုးသားနဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

“သူငယ်ချင်းအိမ် လည်ပြီးအပြန်မှာ SSPP ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုက်နှက်တာ။ သေလုခါနီးမှ အိမ်ကို ဖုန်းဆက်ပြီး ပြန်လာ‌ခေါ်ခိုင်းတာ”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်မှာ အဲဒီအမျိုးသားကို မိသားစုဝင်က ခေါ်ယူပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပေမဲ့ ပြင်းထန်တဲ့ ဒဏ်ရာကြောင့် နောက်တစ်ရက် ဖေဖော်ဝါရီ ၅ ရက် မနက် ၉ နာရီခွဲမှာ သေဆုံးသွားခဲ့ပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး တုန့်ပြန်ချက်ရဖို့ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ကို ဖုန်း‌အပြင် စာပို့ကာ ဆက်သွယ်ပေမဲ့ အဆက်အသွယ် မရခဲ့ပါဘူး။

ရှမ်းတောင်မှာ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS တို့အကြား မကြာခဏ အပြန်အလှန် ဖမ်းဆီးတာ၊ မိုင်းဆွဲတိုက်ခိုက်တာ ပြုလုပ်လေ့ရှိပြီး အခုလို ပြုလုပ်တာကြောင့် အရပ်သားထိခိုက်သေဆုံးတာလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။