လွေးလာဝ်ဇာရ်၊ ဩဂုတ် ၁၀ ရက်၊ ရှမ်းမြောက်
ရှမ်းမြောက် မန္တလေးနဲ့ မိုးကုတ်ကြားမှာ ပျောက်ဆုံးနေတဲ့ လားရှိုးက အမျိုးသားတစ်ဦး ၁ လနဲ့ ၆ ရက်အကြာတဲ့အထိ မိသားစုဝင်တွေက လက်ရှိအချိန်အထိ အဆက်မရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်မှာ မန္တလေးကနေ မိုးကုတ်ဘက်ကိုသွားတဲ့အချိန်မှာ လမ်းတစ်ဝက်မှာတင် သူနဲ့အဆက်အသွယ်မရတော့ဘူးလို့ ရွှေဖီမြေကို ပြောပါတယ်။
မိသားစုဝင်ဖြစ်သူ တစ်ဦးက “သူက လားရှိုးဒေသခံပါ။ အခုလောလောဆယ်က ကျမတို့မိသားစုက စစ်ရှောင်နေရပါတယ်။ အစ်ကိုက သူများကား မောင်းပေးတာ။ ကားပိုင်ရှင်က သူ့ကားကို လားရှိူပြန်ထားမယ်တဲ့ အစ်ကိုက သွားထားပေးမလို့ သွားတာ။ သူသွားတဲ့နေ့ နေ့လယ်ပိုင်းက စစ်ကိုင်းကျော်ပြီး ဖောင်ဆိပ်မှာ သူ့အလှည့်ရောက်ပြီဆိုပြီး ဖုန်ဆက်သေးတယ်။ အဲနောက် လုံးဝ အဆက်အသွယ်မရတော့ဘူး” လို့ ပြောပါတယ်။
ပျောက်ဆုံးနေသူဟာ အသက် ၄၁ နှစ်အရွယ် ဦးဇာနည်စိုး(ခ)အဂျူးဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။
မိသားစုဝင်တွေ စိတ်ပူနေတာကြောင့် ဦးဇာနည်စိုးကို တွေ့ရှိတဲ့သူတွေအနေနဲ့ ဖုန်း- သို့ ဆက်သွယ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။