ဓာတ်ပုံ- နယ်စည်းမခြား ပရဟိတအသင်း

ပို့လဘား၊ မတ်လ ၁၁ ရက်၊ သီပေါ

ရှမ်းမြောက် သီပေါမြို့နယ်ထဲက အမျိုးသားတစ်ဦး တောင်ယာသွားရင်း မိုင်းနင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ နယ်စည်းမခြား ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သီပေါမြို့နယ် ဇာတ်စုရပ်ကွက်မှာ နေထိုင်တဲ့ ၅၆ နှစ်အရွယ် ဦး‌စိုင်းဖောင်းဆိုသူဟာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်မှာ တောင်ယာသွားရင်း မိုင်း နင်းမိခဲ့တာပဲ ဖြစ်ပါတယ်။

“သူ့မိသားစုဝင် ပြောပြတာတော့ သူ‌ ရှေ့ရက်က တောင်ယာသွားပြီး ပျောက်ဆုံးတာပေါ့နော်။ မနေ့ သူ့ကို ရှာတွေ့တော့ ကျနော်တို့ကို အကြောင်းကြားလာတယ်။ သူနင်းမိတာ တစ်ရက်၊ နှစ်ရက် ရှိပြီထင်တယ်။ သူ့ကို သွားသယ်တဲ့အချိန် အနံ့တွေလည်း ထွက်နေပြီ။ သူ့ဘေးနားမှာလည်း မိုင်းအစအနတွေပဲ” လို့ နယ်စည်းမခြား ပရဟိတအသင်းမှ တာဝန်ရှိသူက ပြောပါတယ်။

ဦးစိုင်းဖောင်း မိုင်းနင်းမိခဲ့တဲ့နေရာဟာ သီပေါမြို့နယ် တုံစင့်ရွာမှာဖြစ်ပြီး အဲဒီနေရာမှာ ဒေသခံတွေ မိုင်း မကြာခဏ နင်းမိတဲ့နေရာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်ကလည်း သီပေါမြို့နယ် တုံစင့်ရွာက အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ပါတယ်။

ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ ရှမ်းမြောက်မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလ ၂ လအတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ကလေးငယ် ၂ ဦးနဲ့ ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦးက ခြေပြတ်တာနဲ့ ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။