ဓာတ်ပုံ – SPM

ပို့လဘား၊ ဖေဖော်ဝါရီ ၁၀ ရက်၊ မိုင်းယုလေး

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာမှာ အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားပါတယ်။

ဖေဖော်ဝါရီ ၈ ရက် နေ့လယ် ၃ နာရီမှာ မိုင်းယုလေးရွာမှာရှိတဲ့ နမ့်မောချောင်းမှာ အမျိုးသားတစ်ဦး ရေကူးရာကနေ ရေနစ် သေဆုံးတာလို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အဲချောင်းမှာ သူတို့ အဖွဲ့လိုက်နဲ့ ရေသွားကူးတာ။ သူရေကူးရင်းနဲ့ ရေလည်(ဝဲ)တဲ့နေရာမှာ သူ့ကို စုပ်သွားတာ။ သူကစစ်သား ဒီရွာခံ မဟုတ်ဘူး။ သူ့မိဘတွေလည်း သူ့ကို လာရှာတယ် “

ရေနစ်သေဆုံးသွားတဲ့ အမျိုးသားဟာ အသက် ၁၉ နှစ်အရွယ် မိုင်းအေဝမ်းဆိုသူဖြစ်ပြီး နမ့်ခမ်းမြို့ အောင်ချမ်းသာရပ်ကွက်မှာ နေထိုင်သူ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ ရေနစ်သွားတဲ့ အဲဒီအမျိုးသားရဲ့အလောင်းကို ရှာမတွေ့သေးဘဲ နမ့်မောချောင်းမှာ နှစ်စဉ်လိုလို ရေနစ်သေဆုံးတဲ့ ဒေသခံတွေ ရှိနေတယ်လို့ ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။