ဓာတ်ပုံ- Shar Htat Paing

မိုင်းပန်ပျော်၊ ဇန်နဝါရီ ၁၉ ရက်၊ သီပေါ

ရှမ်းမြောက် သီပေါမြို့နယ်ထဲက ဒုဌဝတီမြစ်မှာ အသက် ၅ဝ အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

ဇန်နဝါရီ ၁၇ ရက်မှာ အမျိုးသားတစ်ဦးက ရေနစ်ပြီး သေဆုံးခဲ့တာလို့ နယ်စည်းမခြား ပရဟိတအသင်း (သီပေါ)ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အသက် ၅၀ ကျော်ပါ။ ဖြစ်စဉ်တော့ မသိဘူး။ ရဲတွေက အကြောင်းကြားလို့ သွားသယ်တာ”

‌ရေနစ်သေဆုံးခဲ့တဲ့ အမျိုးသားဟာ သီပေါမြို့ ဇာတ်စုရပ်ကွက်မှာ နေထိုင်တဲ့ ဦးဖိုးတုတ်ဆိုသူဖြစ်ပြီး အလောင်းကို နယ်စည်းမခြား ပရဟိတ (သီပေါ)အသင်းက သွားရောက် သယ်ဆောင်ပြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၄ မေလကလည်း သီပေါ ဒုဌဝတီမြစ်မှာ အမျိုးသမီး ၂ ဦး ရေနစ်ပြီး ၁ ဦး သေဆုံးခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။