ဓာတ်ပုံ – Local

မိုင်းရူပ၊ မေလ ၃ဝ ရက်၊ မိုးကုတ်

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ် လယ်ဦးကျေးရွာမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ တအာင်းတပ်က မနေ့ မေလ ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

လယ်ဦးရွာခံ အသက် ၂၅ နှစ်အရွယ် မိုင်းအောင်အောင်ဆိုသူက ပြီးခဲ့တဲ့ မေလ ၂၄ ရက်မှာ အရင်က စစ်ကောင်စီတပ်ရဲ့ မိုးကုတ်ဗျူဟာ လက်အောက်ခံတပ်ရင်း (၁၄၈) တပ်စခန်းဟောင်း ၅ မိုင်ဂိတ်ရှေ့မှာ မိုင်းနင်းခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူ မိုင်းအောင်အောင်ဟာ ညာခြေထောက် တစ်ဖက်ပြတ်သွားတာနဲ့ ဘယ်ခြေထောက်မှာ ပြင်းထန်တဲ့ဒဏ်ရာရရှိတာကြောင် သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

“မိုင်းနင်းမိတဲ့ အောင်အောင်က ဘိန်းစား။ ဖမ်းခံရပြီး ပြန်လွှတ်လာတာ မကြာသေးဘူး။ သူက လျှောက်သွားနေတာ။ မိုင်းနင်းပြီး သေသွားတယ်”လို့ ဖြစ်စဥ်ကို သိရှိထားသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရှမ်းမြောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ တိုက်ပွဲတွေ မရှိတော့ပေမဲ့ မြေမြှုပ်မိုင်းနဲ့ လက်နက်အကြွင်းအကျန်တွေကြောင့် အရပ်သားသေဆုံးမှုတွေ ဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၅ ရက်မှာလည်း ရှမ်းမြောက် မူဆယ်မြို့နယ် တုန်ခန်ကျေးရွာက အသက် ၄ဝ အရွယ် အမျိုးသားတစ်ဦး နွားကျောင်းနေချိန် ညာဘက်လက်နဲ့ မြေမြှုပ်မိုင်းကို ဖိမိပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ နမ့်ဆန်၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ် စတဲ့မြို့နယ်တွေမှာ ဇန်နဝါရီလက‌နေ ဧပြီလအထိ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်ကြောင့် ကလေးအပါအဝင် အရပ်သား ၁၅ ဦး သေဆုံးပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။