ဓာတ်ပုံ – Local

မိုင်းပန်ပျော်၊ ဖေဖော်ဝါရီ ၁၇ ရက်၊ နမ့်ဆန်

တအာင်းဒေသ နမ့်ဆန်မြို့နယ် မန်လွယ်ကျေးရွာမှာ မြေတူးကားတစ်စီး တိမ်းမှောက်‌ပြီး အမျိုးသားတစ်ဦး သေဆုံးသွားပါတယ်။

ဖြစ်စဉ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက် မနက် ၉ နာရီမှာ နမ့်ဆန်မြို့နယ် အထက်မန်လွယ်ရွာမှာ ‌မြေတူးကားက လမ်းဖောက်နေတဲ့အချိန် ဘရိတ် ပျက်ပြီး တိမ်းမှောက်မှု‌ ဖြစ်ပွားရာကနေ သေဆုံးခဲ့တာလို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သူက လမ်းဖောက်နေရင်းနဲ့ သူ့ကားက ဘရိတ်က မမိတော့တာ ဘရိတ် မမိတော့ သူအက်စီးဒန့် ဖြစ်သွားတာ။ ပြီးတော့ သူ ခုန်ဆင်းလိုက်တဲ့အချိန်မှာ မလွတ်ဘဲနဲ့ ကားဘီးအောက် ရောက်သွားတာ အဲ့ဒီကားက သူ့ကိုပါ ကြိတ်သွားတာ”

တိမ်းမှောက်မှု ဖြစ်ပွားပြီး သေဆုံးခဲ့တဲ့အမျိုးသားဟာ အသက် ၄၀ ခန့်အရွယ် ကိုဝင်းထွဋ်ဆိုသူ ဖြစ်ပြီးတော့ နမ့်ဆန်မြို့နယ်ထဲ လမ်းတွေ ဖောက်ပေးနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဝင်းထွဋ်ရဲ့အလောင်းကို ဇနီးဖြစ်သူနဲ့ အထက်မန်လွယ်က ရွာခံတွေ သွားရောက်‌ သယ်ဆောင်ပြီး သဂြိုလ်ပေးခဲ့တယ်လို့ သူမက ဆက်ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။