ဓာတ်ပုံ- Local

ပို့လဘား၊ ဧပြီ ၂၁ ရက်၊ မိုင်းယော်

ရှမ်းမြောက် လားရှိုးခရိုင် မိုင်းယော်တိုက်နယ် နမ့်မောကျေးရွာအုပ်စု မိုင်းလင်းရွာက အမျိုးသားတစ်ဦးကို ကိုးကန့်တပ်မတော်- MNDAA က သေတဲ့အထိ ရိုက်နှက်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက် ည ၇ နာရီမှာ အသက် ၂၅ နှစ်အရွယ် မိုင်းအိုက်မန်ဆိုသူကို ကျွဲ ခိုးရောင်းတဲ့အမှုနဲ့ MNDAA ကဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

“၂ လပိုင်းက တရုတ်ဘွားတော်တစ်ယောက်က သူ့(မိုင်းအိုက်မန်)အိမ်ကို လာပြီး ပြောတယ်။ ကျွဲက မလှဘူး။ လှတဲ့ကျွဲ‌ တွေ့ရင် ကျမ ကျွဲနဲ့ လဲပေးအုံးတဲ့။ မတွေ့ရင်လည်း အဲကျွဲ ရောင်းလိုက်တဲ့။ လှတဲ့တစ်ကောင် ကောင်းတဲ့တစ်ကောင် ဝယ်ပေးပေါ့။ အိုက်မန်ဆီ ကျွဲကို ထားခဲ့တယ်။ တရုတ် ဘွားတော်က သူ့ကို ကျွဲရောင်းခိုင်းထားတာ။ အဲဘွားတော်ယောကျာ်းက မိုင်းအိုက်မန်ကို ဆိုင်မှာ ဘီယာ ထိုင်သောက်မယ်ဆိုပြီး ခေါ်လာတဲ့အချိန်မှာ ကိုးကန့်စစ်သားတွေက သူ့ကို လက်ထိပ်နဲ့ လာခတ်တာ။ တရုတ်ဘွားတော်ရဲ့ယောကျာ်းက သူ့ကိုပြောနေတာ ကိုးကန့်တွေဆီ တင်ပြထားပြီတဲ့။ မပြောမဆို ကျွဲ ခိုးရောင်းနေတာဆိုပြီး စွပ်စွဲပြီး ဖမ်းခိုင်းသွားတာ”

မိုင်းအိုက်မန်ဟာ ဧပြီ ၁၉ ရက်က သေဆုံးသွားတဲ့အကြောင်းကို MNDAA တပ်သားတစ်ဦးက ၎င်းရဲ့ မိသားစုဝင်ဆီအကြောင်းကြားလာတာလို့ ပြောပါတယ်။

“သူတို့ခေါ်သွားပြီး နောက်တစ်ရက်မှာ သူသေတဲ့အကြောင်း သူ့မိသားစုဝင်ဆီအကြောင်းလာကြားတာ။ သူတို့ပြောတာ သူ့ကို ဘာမှမလုပ်ဘူးတဲ့။ သူ့ကိုယ်လုံးမှာတော့ သူတို့ရိုက်တဲ့ ဒဏ်ရာတွေပဲ”

ကျွဲဟာ တရုတ်ဘွားတော်က မိုင်းအိုက်မန်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ရောင်းခိုင်းခဲ့ပေမဲ့ လက်ရှိမှာတော့ အဲဒီတရုတ်ဘွားတော်က တာဝန်ခံခြင်းမရှိဘူးလို့ ဆိုပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး သေဆုံးသူမိသားစုဝင်က တရားမျှတမှုရဖို့ မျှော်လင့်နေပြီး ကိုးကန့်တပ်ဘက်က တစ်စုံတစ်ရာလာရောက် ပြောဆိုတာမျိုး မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။